အပိုင်း (၁၂)

167 26 2
                                    

(Unicode)

"ဟ"

ရုတ်တရက် လမ်းမီးက မှိတ်သွားတော့ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ကျသွားသည်။ လမ်းမီးတိုင်တွေက အနည်းငယ်ကျဲသည့်အပြင် နှစ်တိုင်လောက်ဆက်ပြီး ပျက်နေတော့ မှောင်ရိပ်က သိသိသာသာကြီးစိုးသည်။

လူခြေတိတ်ချိန်မဟုတ်သေးပေမယ့် ဒီလမ်းထဲက သီးသန့်ဆန်ပြီး အေးအေးဆေးဆေးနေတတ်ကြသူတွေမို့ ဒီလိုအချိန်ဆို လမ်းပေါ်မှာ လူရိပ်လူခြေသိပ်မရှိတတ်။

ဒီလိုပဲ အကြောင်းကြောင်းကြောင့် နောက်ကျမှ ပြန်ရတတ်တဲ့နေ့တွေ ခဏခဏ။ Bus stopမှာ ဆင်းပြီးတာနဲ့ လမ်းထဲကို တစ်ယောက်တည်းလျှောက်ပြန်နေကျ။ ဒါပေမယ့်...ဒီနေ့ကတော့........

"ဟင်"

ကိုယ်ပဲစိတ်ထင်လို့လား ခြေသံလိုလို နောက်နားကကြားမိ၏။ ကိုယ်ရပ်လိုက်တော့ ထိုခြေသံလိုလိုက လဲ ရပ်သွားလေသည်။ ရှေ့ကိုပုံမှန်ဆက်လျှောက်တော့ ပြန်ပြီးကြားရတာ ခြေသံမှ ခြေသံအစစ်။

ပုခုံးစောင်းလွယ်ထားတဲ့ အိတ်ကို ဖြုတ်ကာ ရင်ခွင်ထဲထည့်ပိုက်ထားလိုက်သည်။ လှည့်တော့မကြည့်ပေမယ့် အာရုံကိုနောက်မှာကပ်ထားရင်း ခြေလှမ်းတွေကို သုတ်ခြေတင်ရသည်။ အိတ်ထဲမှာက အခုလေးတင်မှ ယူမီ့ဆီက ယူလာခဲ့သည့် ပစ္စည်းတွေ။ သရဲမကြောက်တတ်ပေမယ့် ပစ္စည်းလု ပိုက်ဆံတောင်းမည့်သူကိုတော့ ကြောက်သည်။ လူလဲ အထိခိုက်မခံနိုင်သလို... တောင်းတာကိုလဲ မပေးနိုင်။ နေ့လည်ခင်းဆို ကိစ္စမရှိပေမယ့် အခုက မှောင်ရိပ်ကျနေသည့်အပြင် သူတို့ဖက်က ဘယ်နှစ်ယောက်မှန်းမသိ။

ခေါင်းထဲမှာ ခုခံကာကွယ်ဖို့နည်းလမ်းကို အသည်းအသန်စဥ်းစားရင်း ခြေလှမ်းတွေက အပြေးတစ်ပိုင်း...

"ဟေ့"

"လွှတ်စမ်း"

"ခွပ်!!" "အ"

လက်မောင်းတစ်ဖက်ကို လှမ်းဆွဲခံလိုက်ရတော့ ရင်ခွင်ထဲက အိတ်နဲ့ မျက်နှာဆီမှန်းကာ လွှဲရိုက်ပစ်လိုက်သည်။ အထဲက အမာထည်တစ်ခုခုနဲ့ထိကာ ခွပ်ခနဲမြည်ပြီး ကုန်းကျသွားတာ ခဏ။

"မင်း"

နောက်တစ်ကြိမ်ပြန်မော့လာတော့မယ့် မျက်နှာကို အသာစီးကနေ ရိုက်ချပစ်ဖို့ အိတ်ကိုလွှဲမြှောက်လိုက်ပြီး....

ချစ်ဦးအလင်္ကာWhere stories live. Discover now