(Unicode)
"ဒီမှာ....ဟေ့"
လက်မောင်းကို သာသာလေးဆွဲလှုပ်လိုက်ပေမယ့် မျက်လုံးတွေက ပွင့်မလာ။
"ဆယ်ဟွန်း...အိုဆယ်ဟွန်း"
"ဟင်"
ပြန်ထူးလိုက်တာပေမယ့် ကယောင်ကတမ်းဆန်ဆန်။ မျက်ခွံတွေလှုပ်လာပေမယ့် မျက်လုံးတွေက တော်တော်နဲ့ မပွင့်....
"အခန်းထဲမှာ သွားအိပ်လိုက်ပါလား"
စောင်ပါးလေးတစ်ထည်ရဲ့အောက်က အပူရှိန်က လက်မောင်းကို ခဏထိလိုက်မိတဲ့ ကိုယ့်လက်မှာတောင် ခံစားမိသည်။
"အာ...ဂျွန်.. ဆောရီး အိပ်ပျော်သွားတာ... B.Bရော ဘယ်လိုနေသေးလဲ"
ဆိုဖာပေါ်လှဲနေရာကနေ ထရင်း လည်ဂုတ်ပေါ်ကို ဖျစ်ညှစ်ကာ ညည်းညူနေသေးတဲ့သူက မျက်လုံးတွေရဲမို့ နေပြီး အသံက ခပ်အက်အက်။
"ကလေးက သက်သာတယ်"
"ကျေးဇူးပါ.. .ဒါနဲ့...မင်း ပြန်ချင်ပြီလား...ကိုယ် အိမ်အထိလိုက်ပို့....."
"ရပါတယ်..ခင်ဗျားလဲ ဖျားနေတယ်မဟုတ်လား"
ဂျွန့်စကားဆုံးတော့ ဆယ်ဟွန်းက ကိုယ့်လည်ပင်းကိုယ် လက်ခုံနဲ့ ပြန်ကပ်ကြည့်ရင်း.....
"အင်း... ဆေးသောက်ထားတယ်...သောက်ပြီးမှ ခဏ အိပ်ပျော်သွားတာ"
ဆေးသောက်ထားပေမယ့် အပူမကျသေးဘူးဆိုတာ ရဲဆွေးနေတဲ့ မျက်နှာက သက်သေ။ ချွေးတစ်စတောင် မရှိတဲ့ နဖူးပြင် နဲ့ နားသယ်စပ်တွေက ခြောက်သွေ့ဖျော့တော့စွာနဲ့။
"ကိုယ်လိုက်ပို့ပေးမယ်ဂျွန်... ညနေစာထွက်ဝယ်ရအုံးမှာနဲ့ လမ်းကြုံပါတယ်"
"နေပါအုံး...ခင်ဗျားက စားစရာတောင် အဆင်သင့်မရှိတာလား"
"အင်းလေ... ဒီလိုပဲနေဖြစ်တယ်... Billionအတွက် တစ်ခုခုလုပ်ပေးပြီးတာနဲ့ အပြင်မှာပဲ အဆင်ပြေသလို စားလိုက်တာ"
ဂျွန့်မျက်လုံးတွေ တစ်ခန်းလုံးကို ဝေ့ဝိုက်သွားခဲ့သည်။ဝင်လာကတည်းကနေ နာရီတော်တော်ကြာရှိနေခဲ့ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် ပတ်ဝန်းကျင်ကို အကဲခတ်ခြင်းဖြစ်ခဲ့သည်။ ဝင်လာကတည်းက ဆယ်ဟွန်းနဲ့ B.B ကလွဲရင် တခြားလူရယ်လို့ မမြင်မိ။