အပိုင်း (၂၃)

180 32 17
                                    

(Unicode)

"ဂျွန်....မင်း...ရရဲ့လား"

သန့်စင်ခန်း က အပြန် နံရံထောင့်ချိုးတစ်ခုမှာ အမှတ်မထင်ပစ်တိုက်မိသွားတော့ တခြားလူထင်ပြီး တောင်းပန်လိုက်သေးသည်။

တော်တော်လေး ယိုင်ထိုးနေသည့် ဂျွန့်က  လူမှန်းသူမှန်းတောင်မသိချင်တော့။ သောက်တာများသွားသလားလို့ တွေးလိုက်မိပေမယ့် တချိန်လုံးနီးပါးသူကြည့်နေခဲ့သမျှ ဂျွန်သောက်ခဲ့တာ အလွန်ဆုံးမှ ဖန်ခွက်တစ်ဝက်စီ သုံးခါလောက်သာ။

"အားနာပေမယ့် ကျွန်တော့်ကို သန့်စင်ခန်းအထိ ပို့ပေးလို့ရမလား"

မော့ကြည့်ပေမယ့် လူကတော့ သူသာ လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲမထားရင် နံရံနားမှာတင် ပုံကျသွားမယ့် အခြေအနေ....

တွဲထူလိုက်တယ်ဆိုပေမယ့် ဂျွန့်ခြေထောက်တွေလှမ်းလျှောက်ပုံက တရွတ်ဆွဲ နေပြီး ကိုယ်ကသာ ဂျိုင်းကနေမ,ကာ သယ်နေရတာနဲ့သာပိုတူသည်။

"အဟွတ်...ဝေါ့!"

"ဘာတွေ ဘယ်လောက်တောင် သောက်ထားတာလဲ မင်း"

မတ်တပ်ဘေစင်ကို ပစ်မှီကာ ထိုးအန်နေသည့် ကျောပြင်ကို ပုတ်ပေးနေရင်းက ဘာလုပ်ရမလဲ အသဲသန် စဥ်းစားနေမိသည်။

"အဟွတ်....အား...ဘာတွေလဲကွာ"

ဘေစင်က ရေကို ဖွင့်ချပြီး လက်ခုပ်နဲ့ယူကာ မျက်နှာပေါ်ပွတ်သတ်ပစ်လိုက်... လည်ကုတ်ပေါ်အထိပါ လက်ဖဝါးနဲ့ ခပ်ဆတ်ဆတ်ရိုက်ပစ်လိုက်....

ရေသီး ရေပေါက်တချို့ ကပ်ငြိနေတဲ့ မျက်နှာက ပြန်မော့လာတော့ မှန်ထဲကတစ်ဆင့်နောက်မှာ ရပ်နေတဲ့ ဆယ်ဟွန်းဆီ ရောက်၏။

"အော် ခင်ဗျား.....ဆယ်ဟွန်း"

"မှတ်မိသွားပြီလား"

"ခုနတုန်းက..ခင်ဗျားလား"

မျက်နှာချင်း ဆိုင်တဲ့အထိ လှည့်လာပြီးတဲ့နောက်
ဂျွန့်မျက်လုံးတွေ တစ်ခဏချင်းမှာ စူးလဲ့လာ၏။ အဲ့ဒီမျက်လုံးတွေကိုပဲ ဆယ်ဟွန်းက စိုက်ကြည့်ရင်း...

"သက်သာသွားပြီပဲ"

"ရတယ်...ခင်ဗျားသွားတော့"

ချစ်ဦးအလင်္ကာWhere stories live. Discover now