အပိုင်း (၂၂)

159 24 11
                                    

(Unicode)

ဆည်းဆာလွန်ချိန် ဟာ အေးစိမ့်လျက်၊ ခိုက်ခိုက်တုန်နေတာမဟုတ်ပေမယ့် ဆောင်းရဲ့ အငွေ့အသက်တို့ကတော့ သိသိသာသာ ကြီးစိုး၏။

ဒီနေ့ညဟာ Dream တည်ထောင်ခြင်း ဆယ်နှစ်ပြည့် နှစ်ပတ်လည် အတွက် ဂုဏ်ပြုညစားစားပွဲ ကျင်းပတဲ့ည။

ခြေချလိုက်မိတဲ့ မြက်ခင်းပြင်ရဲ့ ရှေ့တစ်ခေါ်စာအကွာအဝေး မှာ အစီလိုက်အတန်းလိုက် မီးလုံးသေးသေး တွေက သီကုံးထားသည့်ပုလဲလုံး လေးများသဖွယ်...

စားပွဲဝိုင်းတွေလဲရှိသလို ခင်းကျင်းထားတဲ့ စားပွဲအရှည်တွေကလဲ မနည်း....

မီးရောင်တွေ တဖိတ်ဖိတ်လက်နေပေမယ့် စားပွဲခင်းအစ Stageအပြင်အဆင်တွေအဆုံးသုံးထားတဲ့ အရောင်က အနက်တွေချည်း။

ဂီတသံတိုးတိုးနဲ့ လူတချို့ သွားလာလှုပ်ရှားနေတဲ့  လှမ်းချင်းစီတိုင်းမှာမြင်ကွင်းဟာခြေ တဖြည်းဖြည်း ပီပြင် လာခဲ့သည်။

ယောကျာ်း မိန်းမ ရှိရှိသမျှ အားလုံး အဆင်ဒီဇိုင်းတွေသာ ကွဲပေမယ့် ဝတ်ထားသမျှ အနက်ရောင်များသာ...

ကိုယ့်အတွက်သတ်မှတ်ထားတဲ့ နေရာမှာဝင်ထိုင် လိုက်ပြီး မကြာခင် Waiter လေးက အနားကိုရောက်လာခဲ့သည်။

"ဝိုင်ပဲပေး ညီလေး"

ဒီပွဲကနေ ရနိုင်တာတွေ ရွတ်ပြပေမယ့် ဝိုင်ကိုသာရွေးဖြစ်၏။ တဖြည်းဖြည်းနဲ့ များလာတဲ့ လူတွေထဲမှာ ပြုံးပြလိုက်ရပေမယ့် သိတဲ့သူရှိသလို မသိတဲ့ လူကသာများသည်။ ဒါဟာ သူ့အတွက် ပထမဆုံး ကြုံဖူးတဲ့ ပွဲမဟုတ်လား။

ကိုယ်ထိုင်နေတဲ့ စားပွဲက လွတ်နေသေးတဲ့နေရာတွေကို ကြည့်ရင်းကနေ မျက်လုံးတွေ က ရှေ့ကိုလွန်ခဲ့ပြီးမှ မျက်ဝန်းထောင့်မှာ ဖြတ်ခနဲထင်သွားတဲ့ အရိပ်ကို နောက်တစ်ကြိမ်သေချာအောင်ပြန်ကြည့်မိသွားသည်။

တစ်ဝိုင်းသာခြားတဲ့ နောက်နားက စားပွဲမှာ ခပ်လျော့လျော့ထိုင်နေတဲ့ ပုံရိပ်ဟာ.....

ဂျွန်.....

ဘေးတိုက်အနေအထား မြင်နေရတဲ့ နဖူး နှာတံ နှုတ်ခမ်းလေးတွေ ထင်းထွက်နေပြီး ပိုးသားလို ဖျော့ဖျော့အိအိ နက်ရွှဲပြောင်နေတဲ့ ရှပ်အင်္ကျီ ကို လက်ဖျားက ကြယ်သီးတွေဖြုတ်ကာ ဝတ်ထားတဲ့ ပုံစံက မျက်လုံးထဲမှာ စိမ်းသက်စွာ....

ချစ်ဦးအလင်္ကာWhere stories live. Discover now