10 Unicode

988 97 6
                                    

" Boss ဒီကအလုပ်တွေအကုန် ထားခဲ့လည်းဖြစ်ပါတယ် ကျွန်တော်ကြည့်ပေးထားပါ့မယ် "

Baekhyun တို့ခရီးသွားကတည်းက လိုက်သွားချင်နေတာ . အတူတူခရီးတစ်ခုထွက်ဖို့လည်း Chanyeol အရင်ထဲကတွေးမိခဲ့တာ . အခုလို သူတစ်ယောက်ပဲကျန်ခဲ့ရတာကို မကျေနပ်ရတဲ့ထဲ ခရီးမှာ ကျောင်းကဆရာမလေးနဲ့ပါ Byun Baekhyun တို့ ရင်းနှီးနေတယ်ဟု သတင်းကြားလိုက်ရတော့ Chanyeol တို့ မရတော့ .

" ကျစ်! မဖြစ်ပါဘူး "

" ဖြစ်ပါတယ် Boss ရာ တစ်ခါတစ်လေလေး မိသားစုကို အချိန်ပေးလိုက်ပါဦး "

ခရီးကသတင်းကိုပေးတာကလည်း တခြားသူမဟုတ် ဒီကောင်အတွင်းရေးမှုးဆိုတဲ့အကောင်ပဲ . အလုပ်လုပ်ရင် ထောင့်စေ့တဲ့ကောင်က အခုလည်း ကိုယ်ကခိုင်းစရာမလိုပဲ Baekhyun နဲ့ ဆိုအာအတွက် တိတ်တဆိတ်လူယုံထည့်ထားလိုက်သည် . ကိုယ်က မာဖီးယားမဟုတ်ပေ့်လည်း ကိုယ့်ရဲ့အနေအထားနဲ့ ယုံကြည်ရတဲ့ ခပ်မိုက်မိုက်ကောင်တွေတော့ ရှိတာပေါ့ . အဲ့ထဲကတစ်ယောက်ကို သူကသူ့သဘောနဲ့ထည့်ပေးလိုက်သတဲ့!

" အေး မင်းပဲ ငါ့နေရာဝင်လုပ်လိုက်တော့မလို့လား "

" ဟာ ကြံကြီးစည်ရာ Boss ရာ ကျွန်တော် Boss ရဲ့ အမျိုးသားလေးကို မယူပါဘူး "

" ဘာ! ဟေ့ကောင် ငါပြောတာ ဒီနေရာ ဒီနေရာ "

Chanyeol ထိုင်နေတဲ့နေရာကနေ စားပွဲပေါ်က CEO PARK CHANYEOL ဆိုတဲ့ board ပြားလေးကို ညွှန်ပြရင်း ပြောလိုက်ရတော့သည် . Chanyeol ပြောသည်က Boss ဆိုတဲ့ ရာထူးနေရာကိုပြောတာဖြစ်ပြီး အတွင်းရေးမှူးထင်တာက Baekhyun နဲ့ လက်ထက်ရတဲ့နေရာကိုပြောခြင်း!

" အာ ဆောတီး Boss ကျွန်တော်ထင်တာတစ်မျိုး ဟီး "

Chanyeol စိတ်တွေလည်းညစ်လာရတယ် . Baekhyun ကို ချစ်တာသေချာလာတာနဲ့အမျှ Kai ပြောသလို စိတ်မချ၍လောင်ရတော့သည် . အခုလိုပေါ့ လူတိုင်းက Baehyunကိုပဲ ကြံစည်နေကြတာ မှန်းမျှော်နေကြတာများတွေ့ရရင် တကယ်ပူလောင်ရသည် . သေချာသိသွားပြီ Baekhyun ကို သူချစ်နေပြီ .

" ပုံတွေ ငါ့ကိုပြန်ပေး "

Baekhyun နဲ့ ဆရာမဆိုတဲ့တစ်ယောက်ရဲ့ ကမ်းခြေကပုံတွေပင်ဖြစ်သည် . ဆရာမဆိုတဲ့တစ်ယောက်ကလည်း Baekhyun အသက်ဝန်းကျင်လောက်သာဆိုတော့ တွဲသွားတော့ ယှဉ်လျက်ကြည့်ကောင်းနေသယောင် .

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Nơi câu chuyện tồn tại. Hãy khám phá bây giờ