" ဟေ့ကောင် ငါခုနက စင်တာဘက်သွားတော့ မင်းအမျိုးသားလေးကို တွေ့ခဲ့တယ် "
စားပွဲပေါ်က စာရင်းစာရွက်တွေနဲ့ အလုပ်ရှုပ်နေတုန်း Kai ပြောလာတဲ့ စကားကြောင့် လုပ်လက်စတို့ ရပ်ကာ ခေါင်းပင်ထောင်လာရတော့သည်
" သူတစ်ယောက်ထဲပဲကွ စင်တာလာတယ်ဆိုတော့ လိုတာတခုခုဝယ်ဖို့ နေမှာပေါ့ "
" မင်းမခေါ်လိုက်ဘူးလား "
" သူလည်း ငါ့တွေ့မှ မတွေ့တာ တကူးတကခေါ်မနေတော့ဘူးလေ ပြီးတော့ မင်းပဲ သူ့ကို ဒီဟာတွေကအစ မင်းပိုင်ကြောင်း ပြောပြမထားတာလေ သိရင်တော့ မင်းဆီဝင်ချင်ဝင်မှာပေါ့ "
Kai ပြောတာတွေနားထောင်ရင်း အလုပ်လည်း ဆက်လုပ်ရင်း
" လာမနေဘူး လူနဲ့မလိုက်အောင် တအား မာနကြီး "
" မင်းကျတော့ရော "
" ငါကဘာဖြစ်နေလို့လဲ ငါက ငါအတိုင်းပဲ "
" Baekhyun အတွက်တော့ စိတ်မကောင်းဘူး အသည်းနှလုံးမရှိတဲ့ကောင်ကိုမှ လက်ထက်ရတယ်လို့ ငါနဲ့သာဆို "
"တော်လိုက်! "
ကိုင်ထားတဲ့ စာရွက်စုတ်တွေနဲ့ လှမ်းပစ်ပေါက်မိတော့သည် . ဘယ်လိုကောင်လဲ သူများပိုင်ဆိုင်ထားတဲ့ သူကို လာပြီး စကားနဲ့တောင် ပစ်မှားရဲသေးတာ . ဆေးခန်းမထိုင်ရတာနဲ့ ဒီကကောင်ရဲ့ အလုပ်ကိုပဲ လာလာ အာလူးဖုတ်နေတာ နားပါလေထွက်တယ်!
" သူ့ဟာလေးကျတော့ဖြစ်နေတာ "
" ဖြစ်နေတာမဟုတ်ဘူး မဖြစ်သင့်တာ မပြောသင့်တာကို ပြောကိုမပြောမိအောင် ကြိုပိတ်ထားတာ "
" အခုသွားမေးလိုက်ပါလား ပြန်ပို့ပေးလိုက်ပေါ့ "
" အားမနေဘူး "
" အော် အားရင်တော့ လုပ်ပေးတယ်ပေါ့ "
" မင်းပါးစပ်လေးကိုပိတ်ထားသင့်နေပြီ "
Chanyeol ဆိုတာအဲ့လိုကောင်ပဲ Baekhyun အကိုကို မုန်းလို့ ကလဲ့စားချေချင်လို့ဆိုပြီး ညီကိုထယူတယ် . ပြီးတော့ဟုတ်တာလည်း မဟုတ်ဘူး . ဝင်မခံချင်ပေမယ့် သူ့လောက် ကြွေဆင်းနေတာ သူပဲ . ပြောမတတ်တော့ ထွက်သမျှက နာစရာတွေကြီးပဲ . နောက်မှ နောင်တရမှာတော့ မြင်ယောင်သေးတယ် .
ESTÁS LEYENDO
{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]
Fanfic《 Zawgyi + Unicode 》 သံယောဇဉ်တွေအများကြီးထဲမှ Baekhyun ဆိုတဲ့ သံယောဇဉ်လေးကိုတော့ဖြစ် ခိုင်ခိုင်မြဲမြဲ ရစ်ချည်ထားလိုက်ပြီ M-Preg! Start - 30 Jun 2022 End - 10 Sept 2022