" ကလေးရော လူကြီးရော အဆင်ပြေပါတယ် . ကိုယ်ဝန်ဆောင် appa က သေးသေးလေးဆိုတော့ ကလေးရဲ့ ဗီဇကလည်း လောလောဆယ်မှာ သေးသွားတဲ့သဘောပါ . စိုးရိမ်စရာတော့မရှိပါဘူး အာဟာရပြည့်ဝအောင်သာ ကိုယ့်ဘက်ကစားပေး ဂရုစိုက်ပေးရင်ပဲ ရပြီနော် "
OG ဆရာမဆီခေါ်လာပြီး 5 လနီးပါးရှိတာတောင် ဗိုက်က သေးသေးလေးမို့ မသိသာနေလို့ဆိုပြီး ခေါ်လာကြတာပေါ့ . ကုတင်ပေါ်မှာ ပက်လက်လေးလှဲလျက် Baekhyun မှာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကျောက်ရုပ်လေးအတိုင်း ငြိမ်ကပ်နေမိသည် . Chanyeol အပါအဝင် ဆိုအာရော ဖိုးဖိုး ဖွားဖွားတွေရောကပါ ဒီမမွေးရသေးတဲ့ ကလေးလေးကိုပဲ အာရုံစိုက်နေကြတော့ Baekhyun မှာ စိတ်ထဲ တစ်မျိုးလေး...
အိမ်ပြန်လမ်းမှာ မိသားစုအတူတူ ဆိုင်တစ်ဆိုင်ဝင်ကာ ညစာဝင်စားဖြစ်ကြပြီး Chanyeol Daddy နဲ့ Mommy ကတော့ သူတို့အိမ်ကိုပြန်ကာ နောက်တစ်နေ့မနက်မှာပဲ ပြည်ပက အိမ်ကိုပြန်ဖြစ်မယ်လို့ပြောကြပြီး ကလေးလေးမွေးတဲ့အခါလည်း ဟိုမှာလာမွေးလည်းဖြစ်ကြောင်း ဒီကြားထဲမလာဖြစ်ပေမယ့် ဒီမှာပဲ မွေးမယ်ဆိုလည်းလာမယ်ဆိုတဲ့အကြောင်းတွေပြောပြီး အားလုံးကပါးစပ်ဖျားက မချတော့ Baekhyun မှာပဲရှက်ရှက်နဲ့ ငြိမ်ငြိမ်လေးနေမိသည် .
" နောက်နေ့ဆိုရင်ပဲ အချိန်မဆွဲပဲ လက်ထပ်မှတ်ပုံတင်တော့ ဟိုကောင် "
နဂိုထဲကမှ ဖလန်းဖလန်းဖြစ်နေသော Chanyeol က သူ့ Daddy ကပါ ထပ်၍ မြှောက်ပေးလိုက်သည့်အလား နေ့တိုင်း ဒီကိစ္စအကောင်အထည်ဖော်ဖို့ကိုသာ တာစူနေတော့သည် . Baekhyun မွေးနေ့ရောက်တော့ Baekhyun က ဘာမှထူးထူးဆန်းဆန်းမလုပ်ချင်ဘူးဆိုသောကြောင့် မှတ်မှတ်ရရဖြစ်အောင် မွေးနေ့ပြီးနောက်တစ်နေ့မှာပဲ Lucy Seven ဟုဆိုကာ ချက်ချင်းကို လက်ထပ်မှတ်ပုံတင်ပစ်သည် .
မိသားစုဓာတ်ပုံကိုလည်း နာမည်ကြီး ဓာတ်ပုံစတူဒီယိုထိကို သွား၍ရိုက်ဖြစ်ကြသည် . Baekhyun က အဖြူရောင် Suit လေးနဲ့မို့ အိမ်နေရင်း ခပ်ပွပွအဝတ်တွေနဲ့ဆို မသိသာတဲ့ Baekhyun ရဲ့ ဗိုက်ပိစိလေးက ထိုနေ့မှာတော့ ကွက်တိကျတဲ့ Suit လေးနဲ့အတူ သိသိသာသာလေးကို ပူနေတော့သည် .
မိသားစုဓာတ်ပုံဆိုတဲ့အတိုင်း မိသားစု လေးယောက်ဖြစ်သွားတဲ့ဓာတ်ပုံလေးထဲတွင်တော့ Chanyeol ကလည်း Black suit နဲ့ ခန့်ခန့်ညားညားရှိနေပြီး ဆိုအာက ဂါဝန်လှလှလေးနဲ့ရှိနေတော့သည် . မိသားစုတစ်ခုကို အစစ်အမှန်ရရှိလာပြီမို့ Baekhyun အတွက်ကတော့ ဘဝတစ်လျှောက် ဒီကာလတွေက ရင်ခုန်စရာနဲ့ ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေပဲ .
VOCÊ ESTÁ LENDO
{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]
Fanfic《 Zawgyi + Unicode 》 သံယောဇဉ်တွေအများကြီးထဲမှ Baekhyun ဆိုတဲ့ သံယောဇဉ်လေးကိုတော့ဖြစ် ခိုင်ခိုင်မြဲမြဲ ရစ်ချည်ထားလိုက်ပြီ M-Preg! Start - 30 Jun 2022 End - 10 Sept 2022