16 Zawgyi

413 18 0
                                    


ဆေးစစ်ပေးဖို့ ကိုယ့်အိမ်ခေါ်တာကို ကိုယ့်အိမ်ကိုယ်နေတဲ့ ကိုယ်က " Chanyeol အခန်းထဲက ခဏထွက်ပေး ငါ Baekhyun နဲ့ပဲ ပြောချင်တာရှိလို့ " ဆိုတဲ့ စကားကြောင့် အခန်းပြင်ထွက်ရပ်နေရတယ် . လူကို စိတ်ကင်ဆာတွေတအားပေးတဲ့ Kai ဆိုတဲ့ အကောင် ဘယ်တော့မှ ရည်းစားမရပါစေနဲ့!

" Baekhyun ကို ကျွန်တော်ထင်တာပြောရရင်တော့ ဒီလက္ခဏာတွေက ဗိုက်ထဲကလေးလေးရောင်လာတဲ့အချိန်ဖြစ်တတ်တာတွေပဲ "

" ဟင်! "

ပြုံးစိစိနဲ့ပြောလာသော Kai စကားကြောင့် Baekhyun စောင်အနားစလေးတွေကိုပင် လက်ထဲကျစ်နေအောင် စုကိုင်မိသွားတော့သည် .

" ဝမ်းသာစရာပေမယ့် အခက်အခဲတွေလည်းရှိလာနိုင်တယ် . ပြီးတော့ ဒါကကျွန်တော်ရဲ့ ခန့်မှန်းခြေပြောတာပါ . ဆေးစစ်ပေးဖို့ Chanyeol ကိုကျွန်တော်ပြောခဲ့လိုက်မယ် . ဒါသာ တကယ်ဆိုရင်တော့ ကျွန်တော်တို့ကောင်ကြီး တကယ်ပျော်နေတော့မှာ "

Chanyeol က တကယ်ရော Kai ပြောသလို ပျော်ပါ့မလားလို့တွေးမိသည် . Chanyeolက ကိုယ့်ကိုတောင် ချစ်သလာယ မချစ်သလား တိတိကျကျသေသေချာချာ သိတာမဟုတ် . အကယ်၍အခုလိုသာ ကလေးလေးတကယ်ရှိလာရင်ရော .

" စိတ်မပူပါနဲ့ စိတ်ကိုအေးအေးဆေးဆေးဖြစ်အောင်နေ . စိတ်ပူစရာ စိတ်ညစ်စရာတွေကိုလျော့တွေးကြည့် . ဘာဖြစ်လာလာ အဆင်ပြေမှာပါ "

" ... "

" ကျွန်တော် Chanyeol ကိုမှာခဲ့မှာမို့ Baekhyun ကမစိုးရိမ်နဲ့ "

" ဟို အဖြေတိတိကျကျ မသိရမချင်း Chanyeol ကိုမပြောပါနဲ့လား Kai အဆင်ပြေရင်ပေါ့ "

" အာ ရပါတယ် Baekhyun ကိုယ်တိုင်ပြောတော့ ပိုတောင်ကောင်းသေး . ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ ဦးလေးဖြစ်ဖို့အသင့်ပါပဲဗျာ "

" ကျေးဇူးတင်ပါတယ် "

Kai အခန်းထဲက ထွက်လာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ Chanyeol ကိုတွေ့သည် . အနားကိုသွားရင်း ဖက်လိုက်ရင်း

" သတင်းကောင်းကြားရပါစေ သူငယ်ချင်း . ငါလည်းမပြောတတ်လို့ မင်းဆေးစစ်ဖို့ရက်ချိန်းသွားတဲ့အခါ Baekhyun ကိုပါ ဆေးစစ်ခိုင်းလိုက်ပါ "

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Donde viven las historias. Descúbrelo ahora