5 Zawgyi

452 14 3
                                    

အပြန်လမ်းတစ်လျှောက်လုံး Baekhyun က တအားကို ငြိမ်နေသည် . ပုံမှန်ဆိုလည်း Chanyeol နဲ့ Baekhyun ကြားမှာ ချွဲ့ချွဲ့နွဲ့နွဲ့တွေပြောလေ့မရှိပေမယ့် ဒီနေ့ကြ တမူထူးခြားပြီးကို ငြိမ်နေမိသည် .

ဆိုအာကလိုချင်တယ်ဆိုရင်တောင် Chanyeol က ဒီလောက် ဈေးကြီးတာကိုဝယ်ပေးစရာလား . ကလေးကို သက်သက်ဖျက်စီးရာရောက်ကြောင်း ပြောချင်ပေမယ့်လည်း အဲ့လူကြီးက သူ့သားသမီးဆိုပြီး မဆိုင်သးမပြောနဲ့ပြောလာရင် ကိုယ်ပဲ ခံစားရဦးမှာမို့ ထုတ်မပြောလိုက်ပေမယ့် စိတ်ထဲက မကျေနပ်ချက်က အပြင်ထိ ပေါ်ထွက်နေတော့သည် .

အိမ်ရောက်တော့လည်း Baekhyun နဲ့ ဆိုအာကို ထားခဲ့ပြီး လေလံပွဲက သူငယ်ချင်းတွေနဲ့ အပြင်ပြန်ထွက်ဖို့ရှိတယ်ဆိုကာ ညနက်ကြီးထဲ တစ်ခါပြန်ထွက်သွားပြန်သူကို ဆိုအာက ကလေမို့ အိပ်နေနိုင်ပေမယ့် လူကြီးဖြစ်တဲ့ Baekhyun ကပဲ စောင့်နေရဦးမည် . ဒါတောင် ပြောသွားသေးတာ

" မစောင့်နဲ့ အိပ်နှင့် " တဲ့

မနေနိုင်မထိုင်နိုင် ကိုယ်ကပဲ စောင့်နေမှာ သိသိကြီးနဲ့ တမင်ကို ပြောတာ!

Baekhyun တစ်ယောက် ဆိုအာလေးကိုခြေလက်သန့်ရှင်းပေး သိပ်ပြီး သူကိုယ်တိုင်တော့ ညနေက ခြေထောင်ဆေးလိမ်းထားရတာတွေရော တော်ရုံလူများတဲ့ပွဲတွေ မသွားဖြစ်တာရောကြောင့် လူက ငြီးစီစီဖြစ်နေတာမို့ ရေပါတစ်ဖန်ထပ်ချိုးလိုက်တော့သည် . ညစာကလည်း ပွဲမှာ စားခဲ့တာနဲ့တင် ဗိုက်ကပြည့်နေပြီမို့ Chanyeol ကိုပဲစောင့်နေလိုက်တော့သည် .

တော်တော်ကြာကြာထိ ပြန်မရောက်လာသူက တစ်နာရီနီးပါးလောက်မှ ကားသံကို ကြားလိုက်ရတော့ Baekhyun နိုးသွားရသည် .

အရင်လတွေ Baekhyun အလုပ်ပြန်လုပ်ကတည်းက အိမ်မှာ ခြံစောင့်ကအစ အလုပ်သမားတွေအကုန်လုံးကို Chanyeol ကပုံမှန်အတိုင်း ပြန်ထားပေးထားသည် . အလုပ်လုပ်တာနဲ့ ကျောင်းသွားနေရတာတွေကြောင့် အိမ်မှာလူမရှိဖြစ်မှာလည်းမလိုချင်ဘူးလို့ပြောလိုက်တော့ အရင်လို နန်းတော်လိုအိမ်ကြီးမှာ မနက်ပိုင်းဆို အလုပ်သမားတွေနဲ့ အိမ်တော်ထိန်းနဲ့ စိတ်ချရရော ညဘက်တွေသာ အလုပ်သမားတွေက သူတို့အဆောင်သူတို့ပြန်ကြတာ ခြံစောင့်တာဝန်ယူရတဲ့သူတွေကတော့ ခြံထဲပဲ တာဝန်ရက်မှာနေပေးကြသည် . အခုလည်း သူတို့ရှိလို့သာ Baekhyun ခြံပေါက်ဝထိ သွားစရာမလိုတာမဟုတ်လား

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Onde histórias criam vida. Descubra agora