ဆိုအာ့အခန်းကနေ တစ်ဖက်ခြမ်းက Chanyeol မခန်းတီ ပြန်လာခဲ့လိုက်သည် . မလာခင် အောက်ထပ်ကို တစ်ချက်လှမ်းကြည့်မိတော့ ဧည့်သည်ဖြစ်သူ Lee Yoon ကို ရုတ်တရက်တွေ့လိုက်ရသည်. ညကြီးမင်းကြီး မိန်းမသားတစ်ယောက်က ညအိပ်ဝတ်စုံရဲရဲ ဆံပင်ဖားလျားချရက်နဲ့ Baekhyun တို့အိမ်မှာ ထူးထူးဆန်းဆန်းမြင်လိုက်ရတော့ လန့်သွားတာတော့မဆန်းကျယ် . တစ်ချက်ရယ်ပြပြီး ခပ်သွက်သွက်သာ Chanyeol အခန်းဆီဝင်သွားလိုက်တော့သည် .
အလန့်တကြားဖြစ်လာတဲ့ Baekhyun ကို ရိပ်မိတော့ Chanyeol ပင် ခါးကိုဆတ်ခနဲမတ်မိရင်း
" ဘာဖြစ်လို့လဲ "
" ဘာမှမဟုတ်ပါဘူး ဒီတိုင်း Lee Yoon ကို တွေ့လိုက်လို့ "
" သူ့ကိုမြင်တာ ဒီလောက်ဖြစ်စရာလား "
" ဘာလဲ သူ့ကိုပြောလို့ ကျွန်တော့ကို လာဆူနေတာလား "
" မဟုတ်ဘူးလေ ဟာ! သူ့ သူ့ကို စိတ်ဝင်စားမှာစိုးလို့ "
" ဟင် "
" ထားလိုက်တော့ မာမီဘာပြောပြော သူ့ကို ဟိုတယ်ပဲသွားနေခိုင်းတော့မယ် "
ချက်ချင်းထသွားဖို့လုပ်နေသော Chanyeol ကိုအသည်းအသန် Baekhyun ကဆွဲခေါ်ရသည် . ညသန်းခေါင်ကိုတောင် ကပ်တော့မယ် မိန်းကလေးတစ်ယောက်ကို ဒီလို လူချမ်းသာရပ်ကွက်လူခြေတိတ်ဆိတ်နေတဲ့နေရာကနေ သွားခိုင်းမလို့တဲ့ .
" ဟို ထားလိုက်ပါ ဘာမှဖြစ်တာလည်းမဟုတ်ဘူး "
" ကိုယ်က အူတိုတတ်တယ် "
" .... "
" ဒီညတော့ တစ်ဝကြီး ဖက်အိပ်မှာနော် ကိုယ်အိပ်တာနဲ့ အတူလာအိပ်ရမယ် "
" အခုအိပ်တော့မှာ ကျွန်တော်က "
" အဲ့တာဆို ကိုယ်လည်းအိပ်မယ် "
" ... "
အတူတူ ကုတင်ကြီးကြီးပေါ် လှဲလိုက်ကြပေမယ့် Baekhyun ကတော့ ရင်ထဲတဒိတ်ဒိတ် . မတွေ့တာကြာပြီး ၂ လကျော်ကျော်မှ အခုလို အတူတူအနီးကပ်ပြန်ရှိနေရသည်မှာ ရင်ခုန်စရာတော့ကောင်းနေသည် . ဒီခံစားချက်ကို ထူးထူးဆန်းဆန်း Baekhyun ကိုယ်တိုင်ပင် သဘောကျနေသည် .
ရုတ်တရက် အင်္ကျီကိုခေါင်းပေါ်ကလှန်ကာ ချွတ်ချလိုက်သော Chanyeol ကြောင့် Baekhyun မှ မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်ဖြစ်ကုန်ရသည် . တံတွေးတစ်ချက် မျိုချမိအပြီး မျက်လုံးကိုပါ စုံမှိတ်မိတော့သည် .
ESTÁS LEYENDO
{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]
Fanfic《 Zawgyi + Unicode 》 သံယောဇဉ်တွေအများကြီးထဲမှ Baekhyun ဆိုတဲ့ သံယောဇဉ်လေးကိုတော့ဖြစ် ခိုင်ခိုင်မြဲမြဲ ရစ်ချည်ထားလိုက်ပြီ M-Preg! Start - 30 Jun 2022 End - 10 Sept 2022