6 Zawgyi

447 18 0
                                    

" Baekhyun ကြီး ခြေထောက်သက်သာသွားပြီလား "

အလုပ်ထဲ ခဏနားတုန်း ဆိုင်တွေဘက်ရောက်တာနဲ့ တစ်ခုခုစားဖို့ဝင်ထိုင်နေချိန် အဆုံကောင်းပြီး Kai နဲ့မှ လာဆုံရတယ်လို့! စခေါ်ထဲက Baekhyun ကြီးတဲ့!

" ဟုတ်ကဲ့ သက်သာပါတယ် ဒါနဲ့ Kai ကဘယ်လဲ "

" ဟဲဟဲ ဘယ်ကမလဲ ဆေးခန်းထိုင်ဖို့သွားမလို့ကို ဟိုကောင်ကြီးဆီလည်းဝင်ရဦးမယ် ဟိုတနေ့ကတည်းက ခေါ်နေတာ လူကမအားပါဘူးဆို  ဒီကောင် Baekhyun ကို အရင်လိုအနိုင်ကျင့်သေးလား "

" ဟို... မကျင့်ပါဘူး "

" ဒီကောင်က စိတ်မမှန်ဘူး Baekhyun လည်းသိမှာပါ . သူ့စိတ်ထဲ မတင်မကျတာလေးတွေလည်းရှိနေလို့ပါ နောက်ဆို အဆင်ပြေသွားမှာပါ Baekhyun ကိုတော့ သံယောဇဉ်ရှိပါတယ်သူထုတ်သာမပြောတာ  Baekhyun ခြေထောက်နာတယ်ဆိုတုန်းက အသည်းသန်ဖုန်းဆက်ရတာ ဒီခြေထောင်ညိုတာလေးကို "

" အင်း "

" သူ့ကိုနားလည်ပေးလိုက်ပါဆိုတာထက် ခွင့်လွှတ်ပေးဖို့ပဲပြောချင်တာ ကျွန်တော်က သူ့သူငယ်ချင်းဆိုတော့ သူ့ဘက်လိုက်သလိုဖြစ်နေမလားမသိပေမယ့် ဟီး "

" မဟုတ်တာ . Chanyeol က ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး "

" ဟုတ်သားပဲ Chanyeol ကို ကိုကိုလို့ခေါ်တယ်ဆို ဒီကောင်အတင်းခေါ်ခိုင်းတာပဲနေမှာ ကျွန်တော့မှာ သိသိချင်း အူတက်အောင် ရယ်လိုက်ရသေးတာ ဒီကောင်ဗျာ "

ပြောရင်းထက်ရယ်နေပြန်သော Kai ကို ကြည့်ရင်း Baekhyun ကတော့ မရယ်နိုင်ပါ . ဒီကိစ္စကို ဘယ်လိုလုပ် အပြင်လူတွေကိုပါလိုက်ပြောထားတာလဲ မိန်းကလေးမဟုတ်တာတောင် ရှက်လို့သေတော့မှာပါ! တစ်ခုလေးခေါ်မိတာကို! အဲ့တစ်ခါကလည်း သူပဲ အတင်းခေါ်ခိုင်းတာကို

" ဆောတီး ဆောတီး ကျွန်တော် ခွိ! ရယ်နေမိပြန်ပြီ ဒီကောင့်ကို ရယ်ချင်လို့ပါ . ဒါနဲ့ ဘယ်သူနဲ့လာတာလဲ "

" ဟိုမှာ အလုပ်ကအကိုတစ်ယောက်နဲ့ပဲ နားချိန်
တုန်းဗိုက်လည်းဆာတာနဲ့ "

" အော် ဟုတ်ပြီဗျာ ကျွန်တော်လည်း သွားဦးမယ် .  Chanyeol က ခေါ်ခိုင်းရင် ခေါ်သာခေါ်လိုက် Baekhyun ရေ ခေါ်လိုက်ရတာက အသားမနာဘူး ဒီကောင့်အစွမ်းအစကိုလည်း Baekhyun အသိဆုံး "

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Tempat cerita menjadi hidup. Temukan sekarang