13 Zawgyi

520 13 0
                                    

Chanyeol ကပြောပြီးတာနဲ့ ပြုံးစိစိလုပ်ရင်း ထွက်သွားလိုက်ပေမယ့် နေရာမှာကြောင်လျက်သား ကျနနေခဲ့သည်က Baekhyun ပင်ဖြစ်သည် . အခု Chanyeol က " ချစ်တယ် " လို့မဟုတ်ပါပဲ " ချစ်လို့ " ဆိုပြီး ပြောသွားတာလား . သဘောတရား တူတူပဲ မဟုတ်ဘူးလား .

Chanyeol ကိုပြောရမယ် နောက်ဆို ဒီလိုတွေမပြောဖို့ကို ကြိုတင်ပြီး ပြောထားရမယ် . ခံစားချက်က တစ်မျိုးကြီး . ရင်ထဲတစ်မျိုးကြီးမို့ တခြားဘယ်လိုစနောက်ပါစေ လက်ခံနိုင်ပြီး အဲ့လိုအသုံးအနှုန်းတွေနဲ့ မစနောက်ဖို့ သေချာပေါက်ပြောရမယ်!

Chanyeol ပြန်ပြီးခဏနေလောက်ကျ ဆိုအာဆီကို တစ်ခါကြည့်ဖို့ပြန်သွားလိုက်သည် . ဒီခရီးနဲ့ အပြန်ချိန်ဆို ညနေစောင်းလောက်မှ Chanyeol က အိမ်ကိုရောက်လောက်မှာ ကားနဲ့ဆိုတော့ ဒီလောက်တော့ကြာမှာကို သိပေမယ့် ညနေဘက် Baekhyun အခန်းကို ပြန်ရောက်တဲ့ထိ ဖုန်းဆက်မယ်ပြောသွားတဲ့ သူက ဖုန်းမဆက်လာတော့ စိတ်ထဲ မတင်မကျဖြစ်နေမိသည် .

TV က ဟိုလိုင်းဒီလိုင်း တစ်ချက်ဖွင့်ကြည့်ပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်တော့မှ ဖုန်းနံပါတ်စိမ်းနဲ့ ဖုန်းဝင်လာတော့ ကိုင်သင့်မကိုင်သင့်တွေးမိလိုက်ပေမယ့် စိတ်ထဲ ကိုင်လိုက်ဖို့ဖြစ်လာတော့လည်း လက်ခံလိုက်ရတာပဲ .

" Hello "

" Hello Baekhyun လား ကျွန်တော် Kai ပါ "

" ဟုတ် "

" ဟို ဟို ဘယ်လိုပြောရမလဲ "

" ရပါတယ် ပြောပါ "

စိတ်ထဲလေးနေတာသိပေမယ့် အခုလိုညနက်မှဆက်လာတဲ့ ဖုန်းအပြင် တစ်ဖက်က ဖုန်းပြောနေပုံကပါ လူကိုစိတ်ထဲ ပိုမိုလေးလံစေတော့သည် .  ဒါကြောင့် အိပ်ရာထဲ လှဲလျက်ကနေမှ ထထိုင်ပြီး ကုတင်ခေါင်းရင်းကိုမှီကာ ဘေးနားက မီးအိမ်ကိုပါ တစ်ဖန်ပြန်ဖွင့်လိုက်ရတော့သည် .

" ဟို Chanyeol အပြန်မှာ ကားမတော်တဆဖြစ်လို့ အဲ့တာ "

တစ်နေကုန် စိတ်ထဲလေးလံနေရခြင်းအကြောင်းအရာကို သိလိုက်ရသော်လည်း Baekhyun အတွက်ပို၍သာ စိတ်ပူစရာဖြစ်လာခဲ့သည် .

" ဘယ်လိုဖြစ်တာလဲ အပြန်တုန်းက ကားနဲ့ကို အတွင်းရေးမှုးအကိုရော "

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Onde histórias criam vida. Descubra agora