Happy Birthday Daddy ( Unicode )

1K 71 1
                                    

မနက်အလုပ်မသွားခင်ကတည်းက ယနေ့ညတော့ အပြင်ထွက်ကာ စားကြမယ်ဆိုကြီး Chanyeol က ပြောခဲ့တဲ့အတိုင်း အခုတော့ ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို ရောက်နေကြသော မိသားစုလေးယောက်ဖြစ်သည် .

" Daddy နားတိုးလာခဲ့ဦး နှုတ်ခမ်းတွေသုတ်ပေးမလို့ ပေကျံနေတာပဲကွာ "

Baekhyun ဘေးနားမှာထိုင်နေသော Leo လေးကိုကြည့်ရင်း Chanyeol ပြောလိုက်ခြင်းဖြစ်သည် . ၅ နှစ်ကျော် ၆ နှစ်နားကပ်လာသော Leo လေးက သွက်သွက်လက်လက်နဲ့ တအားကိုမှ လူလည်လေးဖြစ်နေတော့တာ . အမဖြစ်သူအပေါ်ကိုလည်း ချစ်လည်းချစ်သလို တအားလည်း သူ့အမကိုအူတိုတတ်လာတာ . အခုလည်း သူ့ Daddy က အနားတိုးလာလို့ပဲပြောရသေးသည် သူကတော့ Chanyeol ဘေးကိုပင်ရောက်သွားချေပြီ .

" Daddieee~~~~kkk "

နှုတ်ခမ်းသုတ်ပေးတာကိုလည်း လူချွဲလေးလုပ်ကာ ခေါင်းလေးတစောင်းစောင်းနဲ့ ချွဲနေသေးတာ . ဒီလိုအခါမျိုးကျ ဆိုအာက လိမ္မာသည် . တကယ့်ကို လူကြီးလေးဖြစ်လာသလိုကို တည်တည်ငြိမ်ငြိမ်လေးနဲ့ သမီးချောလေးအဖြစ်ကြီးပြင်းလာခဲ့တာ .

" Leo ပြီးရင် Daddy ကိုရှုပ်မနေနဲ့ နေရာကို ပြန်လာထိုင် "

" Daddy~~ "

" ကိုယ်သားနဲ့ အိမ်သာခဏသွားဦးမယ် "

အဲ့ဒါကိုပဲကြည့် Daddy ဆိုပြီး ပူးကပ်နေပြီဆိုတာနဲ့ Chanyeol ကို တစ်ခုခုခိုင်းဖို့ ပူဆာဖို့ဆိုတာ Baekhyun ကသိတာပေါ့ . သူ့အလေးအပေါ့ကိစ္စဆို သိတတ်စအရွယ်ထဲက သူ့ Daddy ကိုပဲ အပူကပ်သည် . Chanyeol ကများသောအားဖြင့် အလုပ်သွားရတာမို့ ကိုယ်က Appa ကိုပြောဆိုပြီး မှာထားလည်းမရဘူး . အိမ်မှာရှိချိန်ဆို လူလည်ကောင်လေးက Baekhyun နဲ့ ဆိုအာရှိမရှိအရင် ကြည့်သည် . ပြီးမှ

" သားသား အိမ်သာသွားဦးမယ် " ဆိုပြီး ပြောခဲ့ကာ တစ်ကိုယ်တည်းသွားတဲ့ ကလေးက အပြင်သွားရင်တော့ Chanyeol မှ Chanyeol . တစ်ခါကလည်း Chanyeol မပါပဲ ကိုယ်တွေ သုံးယောက်သား သွားဖြစ်တဲ့ ခရီးမှာ အပေါ့သွားချင်တာကို မပြောပဲ အောင့်ထားတာ အိမ်ရောက်မှ ဖျားတော့တာပဲ . ကိုယ်က သွားမလားမေးလည်း မသွားဘူး ဆိုတာကြီးပဲ ဖြေပြီး အဲ့လိုဖျားနာတော့ ကိုယ်ပဲ အပြစ်ဖြစ်ရရော. အဲ့ကစပြီး အပြင်သွားတိုင်း Chanyeol က မပါမဖြစ် ပါနိုင်အောင် ညှိပေးသည် . မနက်လင်းတိုင်းလည်း ဆိုအာကိုကျောင်းပို့ ကျောင်းကြိုကအစ Chanyeol ကပဲ လုပ်ပေးတော့ Baekhyun မှာ သားနဲ့ နှစ်ဦးတည်းအရမ်းကို အားနေရတော့တာ .

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Onde histórias criam vida. Descubra agora