ဆံပင်နုနုလေးတွေခြောက်လောက်တဲ့အချ်န်အထိ Chanyeol က အရမ်းလည်းမပူရအောင် အပူချိန်ကိုညှိရင်း Dryer နဲ့လုပ်ပေးနေတာကိုBaekhyun ကတော့ငြိမ်ငြိမ်လေးနေရင်း ဖုန်းဆော့နေလေသည် .
ဘာတွေကို စိတ်ဝင်တစားကြည့်နေသလဲ သိချင်စိတ်နဲ့ တစ်ချက်လှမ်းကြည့်မိတော့ ဟိုဟိုဒီဒီသစ်ပင်စိမ်းစိမ်းပုံလေးတွေကို ကြည့်နေပြန်သော Baekhyun ရယ်ပါ . အခုမှ အစိမ်းရောင်လေးကို တော်တော်သဘောကျနေသည်လား ဒါမှမဟုတ် မနက်ထဲက ကြိုးစားနေသလို သစ်ပင်လေးပဲ တကယ်စိုက်ချင်နေသည်လား .
ခဏအကြာတော့ Dryer ကို သိမ်းကာ Baekhyun နောက်နားကို ပြန်လာခဲ့သည် .
နောက်နားကနေထိုင်လိုက်ပြီး Baekhyun ပုခုံးလေးပေါ် နောက်ကနေပဲ မေးလေးတင်လိုက်တော့ ကိုယ်ရဲ့ ချစ်လှစွာသောလေးက တစ်ချက်တွန့်ခနဲဖြစ်သွားပေမယ့် လှည့်တော့ကြည့်မလာခဲ့ . ချိုင်းအောက်ဘက်ကနေ လက်တိုးဝင်ကာ အနောက်ဘက်အနေအထားကနေပဲ ဖက်လိုက်မှ လှုပ်လှုပ်ယွယွဖြစ်လာသူ ." ရေချိုးပြီးထားတာ အခုမှ ပူလာတယ် ဖယ်ပေး "
" ဟင့်အင်း မဖယ်ချင်ပါဘူး "
" ကိုကို "
" ဘာလဲ "
" ... "
" ကိုကို နောက်က Chanyeol ထည့်ပြီး ကိုကို Chanyeol လို့ခေါ်ကြည့်ပါလား . ဒါမှ Baekhyun ရဲ့ သက်ဆိုင်သူက Chanyeol မှန်း တခါတည်း လူတိုင်း သိမှာ "
" ... "
ပြန်စကားမရတော့ ဖက်ထားတဲ့ အားကို တိုးလိုက်ပြီး တင်းကြပ်စေကာ လှည်ပင်းသွယ်သွယ်လေးဆီ တိုးကပ်နမ်းမိတော့ နဂိုထက်ပို၍ပင် တလှုပ်လှုပ်ဖြစ်လာတော့သည် . ရေချိုးပြီးခါစမို့ Baekhyun ရဲ့ ကိုယ်နံ့သင်းသင်းလေးက ပုံမှန်အချိန်တွေထက်ပင် ပို၍ဆွဲဆောင်နေလေသည် . ဒါကြောင့်....
Chanyeol တစ်ယောက် Baekhyun ရဲ့ ကိုယ်သေးသေးပေါ် အုပ်မိုးပြီး တဖွဖွတရွရွနမ်းနေပေမယ့် ဗိုက်ချပ်ချပ်လေးကိုတော့ တစ်ချက်ခိုက်မိခြင်းမရှိအောင် သတိအပြည့်ရှိလျက် . တွန်းထုတ်ငြင်းဆန်ခြင်းမရှိပဲ ကိုယ်ဖော်ကျူးတဲ့ အနမ်းတွေအောက် မျက်လုံးမှေးလေးများစင်းလျက်ငြိမ်နေပေးသော သူသည် Chanyeol ရဲ့ အင်္ကျီစလေးများကိုတော့ ကျစ်နေအောင် ဆုပ်ကိုင်ထားသည်မှာ ကြေမွလျက် .
VOCÊ ESTÁ LENDO
{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]
Fanfic《 Zawgyi + Unicode 》 သံယောဇဉ်တွေအများကြီးထဲမှ Baekhyun ဆိုတဲ့ သံယောဇဉ်လေးကိုတော့ဖြစ် ခိုင်ခိုင်မြဲမြဲ ရစ်ချည်ထားလိုက်ပြီ M-Preg! Start - 30 Jun 2022 End - 10 Sept 2022