18 Unicode

1K 99 3
                                    

Baekhyun တစ်ယောက် ကုတင်တစ်ဖက်စွန်းလေးမှာ ခွေခွေလေးလှဲရင်း အိပ်ဖို့ကို အာရုံစိုက်လိုက်သည် . ညနေက ဆိုအာနဲ့ Chanyeol ရဲ့ ဝိုင်းလုတာကိုခံလိုက်ရတာကို ပြန်တွေးမိတော့ ဗိုက်ထဲကဘေဘီလေးအတွက် ကြည်နူးမိသလို ပျော်လည်းပျော်ရွှင်မိသည် .

မှေးခနဲအိပ်ပျော်ဖို့အခြေအနေရောက်မှ နောက်ကျောဘက်က သိုင်းဖက်လာသော နွေးထွေးမှုတစ်ခုကြောင့် ပြန်လည်နိုးလာခဲ့ရသည် . Baekhyun ရဲ့ ကျောပြင်လေးနဲ့ထိကပ်နေတဲ့ Chanyeol ရဲ့ ရင်ခွင်အကျယ်ကြီး . ငြိမ်ငြိမ်လေးနေပေးနေလိုက်တော့ မကြာခင်မှာပဲ သိုင်းဖက်ထားတဲ့ Chanyeol ရဲ့ လက်မောင်းကျစ်ကျစ်ကြီးက ပိုမိုတင်းကြပ်လာကာ လက်ဖဝါးကျယ်ကြီးက Baekhyun ရဲ့ ညအိပ်အင်္ကျီအောက်သို့ တိုးဝင်လာတာကို Baekhyun သတိထားမိတော့ ရင်ထဲ ထိတ်ခနဲ .

အဆီအပိုလည်းမရှိ Chanyeol လိုတောင့်တင့်ကျစ်လစ်တဲ့ ကြွက်သားတွေမရှိပဲ သဘာဝအတိုင်း ပိန်ပိန်ချပ်ချပ် နူးနူးညံ့ညံ့ Baekhyun ရဲ့ ဗိုက်သားပြင်လေးကို ထိတွေ့နေသော Chanyeol ရဲ့ လက်ဖဝါးနွေးနွေးလေး . ထိုအထိအတွေ့နဲ့အတူ နောက်နားဆီက Chanyeol ရဲ့ အသက်ရှုငွေ့ နွေးနွေးလေးကြောင့် အိပ်ချင်မူးတူးလေးဖြစ်နေတာမှ မျက်လုံးလေးတွေထိ တဖျက်ဖျက်နဲ့ပြန်လည် ကျယ်လာခဲ့ရသည် .

ရင်ခွင်ထဲက လှုပ်တောင်မလှုပ်ရဲပဲ ငြိမ်ကုတ်နေသူကြောင့် Chanyeol မှာတပြုံးပြုံး . ကိုယ့်မှာ ဒီလိုမိသားစုဘဝလေးကို ရလာဖို့ တစ်ခါမှ စိတ်ကူးပင်မယဉ်ဖူးပါပဲ ဒီလူသားလေးကြောင့် အခုလိုထိ ဖြစ်လာခဲ့တာ . ကိုယ့်ဘက်က ကိုယ့်အတ္တတစ်ခုတည်းနဲ့ လုပ်ချင်ရာလုပ်ခဲ့ပြီး သတိထားမိတဲ့ အချိန်တိုင်းမှာ ဒီလူသားလေးရဲ့ ပေးဆပ်မှုတွေက ကိုယ့်အပေါ်အရမ်းများနေခဲ့ရပြီ .

" ကိုယ့်ဘက်လှည့်မလား "

ဗိုက်သားနုနုပေါ်က လက်ဖဝါးက ဖယ်ခွာသွားခြင်းမရှိပဲ ထိလျက်သားအတိုင်းကိုမှ လက်မတစ်ချောင်းထဲနဲ့ ပွတ်သက်ပေးနေရင်း ပြောလာသော Chanyeol ရဲ့ စကားသံ .

" ဒီတိုင်းလေးနေချင်လည်းရတာပဲ ကိုယ်က သားသားကို အခုထဲက ဒီလိုလေးထိနေပေးတော့ - "

Chanyeol စကားပင် မဆုံးသေးပဲ ဇတ်ခနဲလှည့်လာကာ ရင်ခွင်နဲ့ ခေါင်းနဲ့ ထိသည့်တိုင်အေင် အတင်းတိုးကပ်လာသူကြောင့် Chanyeol မှာ နကိုကွေးနေတဲ့ အနေအထားထက် ကိုယ်ကို ဆန့်ထုတ်ကာ ရင်ခွင်ကြီးကိုပါ ပိုမိုဖွင့်ထားပေးရတော့သည် . မဟုတ်ရင် ကလေးလေးကိုပဲဖြစ်ဖြစ် Chanyeol အရပ်ရှည်ကြီးကြောင့် ထိခိုက်မိသွားမှာ စိတ်ပူတယ် . ပြီးမှာ ကျောပြင်သေးသေးလေးကို ပွတ်ပေးရင်း ကလေးချော့သိပ်သလို ဖွဖွပုတ်ပေးနေလိုက်ပြီး ကလေးဖေပေါက်စလေးနဲ့အတူတူ အိပ်ကောင်းချင်းဆီသို့ .

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Donde viven las historias. Descúbrelo ahora