9 Zawgyi

371 10 0
                                    

အတွင်းရေးမှုးရဲ့ " Mr.Baekhyun နဲ့ ဆိုအာတို့ စင်တာဘက်ရောက်နေပါတယ် " ဆိုသော စကားကြောင့် ပြန်ခါနီးရင် အတူပြန်ဖို့ Baekhyun တို့ကိုဖုန်းဆက်လိုက်ပြီး အခုတော့ ကားပါကင်မှ ကားကိုထုတ်ပြီး Chanyeol စင်တာရှေ့နားမှာစောင့်နေရခြင်းဖြစ်သည် .

" ဒါကဘယ်လိုဖြစ်လာတာလဲ "

ကားပေါ်တက်လာတဲ့ Baekhyun ပုံစံကိုကြည့်ပြီး မျက်ခုံးများပါတွန့်ချိုးလျက် Chanyeol မေးလိုက်သည် . ဝတ်ထားသည့် နို့စိမ်းရောင် အင်္ကျီက ညစ်ပေကာ ကျိုးကြေလျက် . နောက်ခန်းက ဆိုအာကပါ ငြိမ်နေလေတော့ တစ်ခုခုပဲ .

" ဘာမှမဖြစ်ပါဘူး . စင်တာထဲက ဒေါင့်အကွေ့မှာ အန်တီတစ်ယောက်နဲ့ ဝင်တိုက်မိလိုက်လို့ "

" အဲ့တာတွေကရော "

အင်္ကျီမှာပေနေသော အမည်းအညစ်များကို မေးဆက်ပြရင်းမေးတော့

" ရေ ရေခဲမုန့်ပေသွားတာ "

ထိုအခါ Chanyeol က ဆိုအာကို လှည့်ကြည့်လာသည် .

" ဆိုအာတောင်းပန်ပါတယ် ဆိုအာလိုချင်တာလေးတွေ့လို့ အပြေးသွားမိတာကို Appa က အမြန်လိုက်ရင်း အန်တီကြီးနဲ့ တိုက်မိတာပါ Daddy . Appa ကိုမဆူပါနဲ့နော် "

Chanyeol ကားကို နေရာမှစထွက်လိုက်သည် . နောက်မှ

" တစ်ဖက်လူရော အဆင်ပြေရဲ့လား "

ရုတ်တရက်ကြီး ထိုကိစ္စကိုပြန်ပြောလာတော့ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်လေးတွေဆတ်ခနဲ တွန့်သွားတာကို Chanyeol မျက်စိထောင့်ကနေမြင်မိလိုက်သေး .

" ပြေပါတယ် "

" Daddy . အဲ့ အန်တီကြီးက အော်တယ် Appa ကို "

Chanyeol စိတ်ထဲခုသွားလျက် သေချာနားထောင်မိတော့သည် . Baekhyun ကိုအော်သည်တဲ့လား .

" အဲ့လိုတော့လည်း မဟုတ်ပါဘူး ဆိုအာက ကလေးမို့ပါ "

" ဆိုအာ ကလေးမဟုတ်ပါဘူး အန်တီကြီးက တစ်ခါပဲခပ်မိုက်မိုက်ကြည့်ပြီး Appa ကို အသုံးမကျဘူးလို့ ပြောသွားပေမယ့် အဲ့အန်တီကြီးနောက်က မမတွေကိုတော့ Appa တောင်းပန်လိုက်ရတယ်လေ ဒီလိုဒီလို "

ခေါင်းကိုပါတညှိတ်ညှိတ်လုပ်ပြချင်း ဆိုအာပြောပြနေသည်ကို Baekhyun လည်းမတားနိုင်တော့ . ကိုယ်ကလည်းမှားပေမယ့် အဲ့အန်တီကလည်း ရုတ်တရက်အဲ့တစ်ဖက်ခြမ်းက အလောတကြီးထွက်လာခဲ့တာမဟုတ်လား . သို့သော်မယ့်လည်း ကိုယ်က အငယ်ဆိုတော့...

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Donde viven las historias. Descúbrelo ahora