ဆိုအာလေးကို အခန်းစောင့်တာဝန်ကျ ဆရာမဆီအပ်ခဲ့ပြီး Chanyeol နဲ့အတူတူ အခန်းကိုပြန်လာခဲ့သည် . အခန်းထဲရောက်တဲ့ထိ စကားမပြောသော Chanyeol ကြောင့် Baekhyun ကိုယ်တိုင်လည်း ငြိမ်နေမိသည် .
" ပြောပါဦး တော်တော်မှ ပျော်ရဲ့လားလို့ "
" အဲ့တာက ဆိုအာလေးအပေါ်တစ်မျိုးထင်ကြမှာဆိုးလို့ပါ တခြားရည်ရွယ်ချက် မရှိပါဘူး ဒီတိုင်းပဲပြောလိုက်တာ "
" ကိုယ်မေးတာတခြားနော် ကိုယ်တို့ Baekhyun လေးလူပျိုသိပ်ဖြစ်ချင်ကြောင်းတွေ ကိုယ်မမေးမိဘူး "
Chanyeol က ဝတ်လာခဲ့သည့် ရုံးသွားရုံးပြန်အဝတ်အစားများကို ချွတ်လဲဖို့လုပ်ရင်းက စကားကိုလည်းဆက်ပြောနေသည် . Baekhyun ကိုတော့ကြည့်မနေ . အရိပ်တကြည့်ကြည့်ဖြစ်နေသည်က Baekhyun .
" အဲ့လိုမဟုတ်ပါဘူး Chanyeol ကိုကျွန်တော် ပြောပြနေတာပဲကို "
ပြန်ဖြေပုံကိုက သူကပဲ စိတ်မရှည်ဖြစ်ရသေး. Byun Baekhyun တို့တကယ်လွယ်မနေဘူး . Chanyeol တစ်ယောက် ခရီးအသွားအလာကြောင့် ကမ်းခြေဖက်သွားဖို့အစီစဉ်အရှိ . လောလောဆယ် အစီစဉ်ရှိတဲ့တစ်ခုကလည်း Baekhyun နားနေဖို့ပဲ!
" ကိုယ့်ကိုဦးလေးထင်ရတဲ့ထိ ပြောထားတဲ့ ကိစ္စက လူပျိုလုပ်တာမဟုတ်လို့ဘာလဲပြောပါဦး "
Baekhyun နားကိုရောက်လာရင်း အနားကပ်ပြောလာသောစကားကလည်း ဒီစကားပင်ဖြစ်သည်. Baekhyun ရှင်းပြပြီးပြီမဟုတ်လား . လူပျိုလုပ်ချင်တာမဟုတ်ပါဘူးဆိုတာကို .
" အခုလည်းပြောပြနေတာပဲ မဟုတ်ဘူးဆိုတာကို လက်မှမခံတာ Chanyeol ကအမြဲအဲ့လိုပဲ "
" ဟမ် ကိုယ့်အပြစ်လား "
Chanyeol ကိုပြန်ရစ်လာသူကြောင့် Chanyeol မှာ စိတ်ဆိုးနေသည်တောင် ဘယ်ဆီဘယ်ဝယ်မှန်းမသိ . လောလောဆယ်ရှေ့က အဖြူကောင်လေးက ကိုက်စားချင်စရာ.
" .... "
" လူပျိုမဖြစ်ချင်ဘူးပေါ့ "
" မဖြစ်ချင်ဘူး "
" ဟုတ်ပြီ "
Baekhyun ရဲ့ အဖြေစကားကြားပြီးတာနဲ့ Baekhyun ကို ခါးကနေ ရုတ်တရက်ဖက်လိုက်တော့သည် . အံ့ဩသွားတဲ့ မျက်ဝန်းလေးနဲ့အတူ မော့ကြည့်လာတော့ ဦးခေါင်းထပ်က ဦးထုပ်ကပါ ပြုတ်ကျသွားသည် . တစ်ဆက်တည်းပြုမူမိသည်က ခြေမခိုင်ချင်သလိုလန့်သွားတာမို့ Chanyeol ပုခုံးနှစ်ဖက်ကိုပါ လက်သေးသေးများနဲ့ တွန်းကိုင်လိုက်မိတော့သည် .
VOCÊ ESTÁ LENDO
{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]
Fanfic《 Zawgyi + Unicode 》 သံယောဇဉ်တွေအများကြီးထဲမှ Baekhyun ဆိုတဲ့ သံယောဇဉ်လေးကိုတော့ဖြစ် ခိုင်ခိုင်မြဲမြဲ ရစ်ချည်ထားလိုက်ပြီ M-Preg! Start - 30 Jun 2022 End - 10 Sept 2022