Bonus 1

844 83 4
                                    

အချိန်အားဖြင့် ည နှစ်နှာရီပင်ထိုးတော့မည် . ဘေးတစ်နေရာရဲ့ လစ်ဟာနေတဲ့ အခြေအနေနဲ့အတူ လိုအပ်နေသော တစ်စုံတစ်ရာကြောင့် Chanyeol ကုတင်ပေါ်မှ ဇတ်ခနဲထလိုက်ရသည် . အိပ်ချင်နေသောမျက်လုံးများအား တစ်ချက်လောက်ပွတ်ဆွဲပြီးနောက် ရှာပုံတော်ဖွင့်ရန် ထရတော့သည် .

အခန်းပြင်ထွက်လိုက်သည်အထိ လှုပ်ရှားမှုတစ်သုံတစ်ရာမှမတွေ့သောကြောင့် တစ်ဖန်အောက်ထက်ထိပါ ဆင်းဖို့ဖြစ်လာရသည် . ဆင်းမလာခင် ဆိုအာ့အခန်းကို ကြည့်ဖို့လည်း မလစ်ဟင်းခဲ့ .

ဟော.. တွေ့ပါပြီ . ဧည့်ခန်းမှာ ခင်းပေးထားသော ABCD စကားလုံးပါ ကလေးတွေအတွက်ဖော့အခင်းလေးမှာ ဖင်ထိုင်လျက်လေးရှိနေသော သားသားနဲ့ ဆိုဖာပေါ်ထိုင်နေရင်း မေးထောက်ကာ အိပ်ချင်မူးတူး Baekhyun တို့ . Baekhyun အနားကို အသာကပ်သွားဖို့လုပ်တော့ ထိုင်နေသူနှစ်ယောက်လုံးကိုယ့်ကိုမြင်သွားပုံရကာ အရင်ဆုံးလှုပ်ယွလာသည်က Leo လေးပင် .

" da dad "

မပီမသခေါ်သံနဲ့အတူတူ Chanyeol လာပါတယ်ဆိုတဲ့အကြောင်း Baekhyun ကို ဖင်လေးတကြွကြွ ခုန်စွစွဖြစ်နေဟန်နဲ့ ဟောပြသည် .

" Chanyeol နိုးလာတာလား "

" အင်း မအိပ်ပြန်ဘူးလား "

" မအိပ်ဘူးလေ Chanyeol ကအကျင့်လုပ်ထားတာကို "

စူစူပုပ်ပုပ်လေးပြောလာသည့်သူအနားသွားဖို့ထက် အခင်းပေါ်က သားသားနားကိုသာ ဝင်ထိုင်ပြီး လှဲချပစ်လိုက်သည် . ခြေတွဲလျားချထားသော Baekhyun ခြေချောင်းလေးတွေကိုပါ ဆိုဖာပေါ်တင်ပစ်လိုက်ရင်း သူပါဆိုဖာပေါ်လှဲပစ်လိုက်သည် .

" ကိုယ်စောင့်ပေးမယ် Baekhyun အိပ်တော့ "

" ရပါတယ် အပြန်လည်းနောက်ကျထားတာကို မနက်လည်း အလုပ်ရှိတယ်မလား Chanyeol အိပ်လိုက် သားကိုကျွန်တော်ပဲ ကြည့်ထား "

Baekhyun စကားမဆုံးခင်ပဲ တခိခိတအိအိအသံတွေကထွက်လို့လာတော့သည် . Chanyeol ရဲ့ ရင်ခွင်ကျယ်ကျယ်နဲ့ ထွားကြိုင်းလှသော ရှေ့ဘက်ရင်တစ်ခွင်ပေါ် ရင်ချင်းထိကပ်ဝင်းလျားထိုးလျက် ရှိနေသော သားသားနဲ့ ထိုကလေးကို မြှူနေသော Chanyeol . Baekhyun ခေါင်းသာရမ်းမိတော့သည် .

{ ရစ်ချည် } 《 ᴄʜᴀɴʙᴀᴇᴋ 》 [ COMPLETED ]Opowieści tętniące życiem. Odkryj je teraz