UNICODE
စတော်ဘယ်ရီ.. 🍓
ဘီးယားဘီးယားဂါးဒင်း၊ ရန်းဖြွန်းဒေသ၊ စိုက်ပျိုးရေးခြံ။
နွယ်စိမ်းလေးတွေ တက်နေတဲ့ ထိုသစ်သားဆိုင်းဘုတ်လေးကို သူ လှမ်းလှမ်းကြည့်နေမိတာ နှစ်ရက်လောက်ရှိပြီ..
အခုသူဟာ အစိုးရဝန်ထမ်း ဖခင်ဖြစ်သူရဲ့နယ်မြို့လေးက အဖွားအိမ်မှာ ရောက်ရှိနေတာဖြစ်တယ်..
ဝရံတာမှာ လက်ထောက်လို့ တစ်ဖက်ခြံက လုပ်သားတွေ အသီးခူးနေတာကို ပိုမြင်သာအောင် ခြေဖျားထောက်လို့ ကြည့်လိုက်တယ်..
စတော်ဘယ်သီးတွေက တကယ် အရည်တွေ တရွှမ်းရွှမ်းပဲ..
ခူးရင်းစားနေတဲ့ လုပ်သားတွေကို ကြည့်ပြီး သူတံတွေးမြိုချမိသည်..
သူအဲ့ခြံထဲကို နေ့စားအလုပ်လေး သွားတောင်းရင် ကောင်းမလား?..
သူငေးကောင်းနေတုန်း ခြံထောင့်က ချယ်ရီပင်အောက်ကနေ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်က တူရွင်းလေးကိုင်လို့ သူ့ကို လှမ်းကြည့်နေတာကို သတိထားမိသွားတယ်..
သူရှက်သွားတာကြောင့် မျက်လုံးလွှဲလိုက်ရင်း နှာခေါင်းပွတ်လ်ိုက်တယ်..
အဲ့ကောင်လေးကို ပြန်ခိုးကြည့်တော့ တူရွင်းကို ဟိုထိုး ဒီစွလုပ်နေတယ်..
သူအိမ်ထဲ ပြေးဝင်ရင်း ဝရံတာတံခါးပိတ်ကာ ခန်းစီးစကိုပါ တစ်ခါထဲ ဆွဲပိတ်လိုက်တယ်..
ခဏအကြာ သူပိတ်စကို လှပ်ကြည့်ပြီး ပြန်ချောင်းတော့ သူ့အခန်းပြတင်းပေါက်ကို အဲ့ကောင်လေးက စိုက်ကြည့်နေသေးတယ်..
ဘယ်လိုဟာလေးလဲ?..
ညနေ သူတရေးမော အိပ်ပြီး ပြန်နိုးလာတော့ တစ်ဖက်ခြံက လုပ်သားတွေက အသီးအနှံတွေကို ထရပ်ကားတစ်ချို့အပေါ် တင်နေကြပြီး အလုပ်သိမ်းနေပြီဖြစ်တယ်..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..