UNICODE
လေချူ
" ယောင်း~"
အိပ်ချင်မူးတူးနဲ့ ဆော့က သူ့ရင်ခွင်ထဲ အတင်းတိုးလာပြီး ဆက်အိပ်နေသည်..
ကျောင်းနောက်ကျနေသည့် သူငယ်ချင်းတွေက ခုတင်ပေါ်က သူတို့နှစ်ယောက် အဖြစ်အပျက်ကို မြင်တဲ့အခါ ဆဲဆိုပြီး ကျောင်းကိုပြေးသွားကြသည်..
" ယောင်း~ ငါ့ဗ်ိုက်ထဲက အသံမြည်နေတယ်.."
" အသံမြည်ရင် ထလေ ခုပဲ ကိုးနာရီကျော်နေပြီကို.."
" မနက်ခင်းမှ အတန်းမရှိတာ ဆူပါနဲ့.."
အသံသေးသေးကို ကြားလိုက်တဲ့အခါ ဆက်မနိုးရက်တော့ဘဲ သူ အိပ်ယာထ,လိုက်ရင်း သန့်ရှင်းရေးလုပ်ကာ ဆော့စားဖို့ မနက်စာကို Delivery မှာလိုက်သည်..
အိပ်မှုန်စုန်ဖွားနဲ့ ဆော့က မြင်လ်ိုက်တိုင်း သူ့ရင်ကို ကြည်နူးစေသည်..
ဒါဘာကြောင့်ဖြစ်တာလဲဆိုတာတော့ သူအချိန်ရရင် သေချာလေး စဉ်းစားကြည့်ပါအုံးမည်..
တစ်ခါတလေ နီးကပ်သွားတိုင်း တစ်ဒိတ်ဒိတ်အခုန်မြန်လာတဲ့ သူ့ရင်အစုံက ပုံမှန်တော့ ဟုတ်မနေတော့ဘူးလေ..
" ယောင်းလို့! ငါအသီးစားချင်တယ်လို့!.."
" အော် အမ် အင်း ဘာအသီးစားချင်တာလဲ?.."
" မသိဘူး ဘာသီးဖြစ်ဖြစ်.. လိုက်ချီးတို့ ဘာတို့.."
အိပ်ယာနိုးခါစ မို့အစ်နေတဲ့ မျက်နှာလေးက ရေသီးလေးတွေ တွဲခိုနေတော့ အနီးကပ်မြင်နေရတဲ့သူက လှိုက်ဖို့လို့လာတယ်..
" မြန်မြန်စား! ငါအတန်းရှိလို့ သွားနှင့်မယ်.."
လွယ်အိတ်ဆွဲပြီး ပြေးထွက်သွားတဲ့ ယောင်းက ညတုန်းကကျ နက်ဖြန်အတန်းမရှိဘူးလို့ ပြောခဲ့သလားလို့..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..