Pomegranate

781 169 10
                                    

UNICODE

UNICODE

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

သလဲ

" ဟေ့! သတင်းထူး!!.."

အခန်းထဲ အော်ပြေးဝင်လာတဲ့ နံပါတ် ၃ ကြောင့် မျက်စောင်းကြီးကြီးလှည့်ထ်ိုးလိုက်ရင်း မာန်မဲဖို့ ပါးစပ်ပြင်လိုက်ပေမယ့်..

" နောက်မှ မာန်! သဲလေး.. မင်းလင် ကောင်မလေးတစ်ယောက်နောက် ပါသွားပြီ!.."

သူ ခေါင်းကို ဆယ်ပေါင်နဲ့ အထုခံလိုက်ရသလိုပဲ..

သူတို့ပြောနေတာ ယောင်းမှ ဟုတ်ပါရဲ့လား?..

" ဘာ ဘာ ကင်မ်ထယ်ယောင်းလား?.."

" ဟာ! ငါတို့အိမ်က အိမ်ကျယ်ကြီး ကျန်ခဲ့ပြီပေါ့.."

နံပါတ် ၁ နဲ့ ၂ က အိပ်စင်အပေါ်ကနေ ခုန်ဆင်းလာပြီး စပ်စပ်စုစုလုပ်တော့သည်.. တစ်ခါထဲ ခွေးကျ ကျပြီး ကျိုးလိုက်ရမှာ..

သူ စိတ်ထဲ နေလို့မကောင်းတာကြောင့် ပန်းအိုးလုပ်ဖို့ ပုံအကြမ်းထည်ဆွဲနေတာကို ရပ်လ်ိုက်ပြီး ခဲတံကို စားပွဲပေါ် ပစ်တင်လ်ိုက်သည်..

" ဆော့ဂျင်း ဘယ်လိုလုပ်မလဲ မင်းယောက်ျားက ကွင်းနောက်ကို ပါသွားတာကွ.. ကန်တင်းကို တူတူသွားတာ ပြုံးပျော်နေတာပဲ.."

" ငါက အဲ့ကောင်ကို ကျောင်းပြီးရင် ဓမ္မဆရာလုပ်မယ်ထင်တာ.."

နံပါတ် ၁ က အားမနာ လျှာမကျိုး ပြောချသည်..

" ဝတ်ပြုတာ မပြုတာက နောက်မှ ဆော့ဂျင်း မင်းဘယ်လို လုပ်မလဲလို့ မင်းယောက်ျားကို လွှတ်ထားတော့မှာလား?.."

" ဟ့! ဘာကို ငါ့ယောက်ျားလဲ?.. သူနဲ့ငါနဲ့ ဘာဆိုင်လို့လဲ?.."

" အော့ မင်းပါးစပ်က ဒီစကားထွက်ရဲသေးတယ်နော်.. ဘယ်ကောင်လဲ အိပ်နေရင်းတောင် ယောင်တာက ယောင်းဆိုတာ!!.."

My Basket Your Farm GardenNơi câu chuyện tồn tại. Hãy khám phá bây giờ