Pear 🍐

615 158 8
                                    

UNICODE

သစ်တော် 🍐

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

သစ်တော် 🍐

မေဂျာမတူတာကြောင့် သူနဲ့ယောင်းဟာ ကျောင်းသားဆောင်ကို တူတူမရခဲ့ပါ..

သူက အိုးထိန်းမေဂျာယူခဲ့တာကြောင့် ပန်းချီပန်းပုကျောင်းသားတွေနဲ့ အဆောင်တူတူနေရမှာဖြစ်ပြီး ယောင်းက အစားအစာသုတေသန ကျောင်းသားတွေနဲ့ အတူနေရမှာဖြစ်တယ်..

" ငါ မင်းနဲ့နေချင်တာကို ယောင်းရာ~"

အထုတ်ပိုးတွေ ကားပေါ်ကချပြီး အဆောင်ထဲ မဝင်သေးဘဲ အဆောင်အောက်မှာ ဂျီကျနေတဲ့ ဆော့က သူဘလိုချော့ချော့ အထဲမဝင်ဘဲ ပေကပ်နေတော့သည်..

" ဆော့ ငါတို့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေပြီလေ.. အဲ့လိုမဆိုးရဘူး.."

" ငါက သူစိမ်းတွေနဲ့ မပေါင်းတတ်ဘူးလေ.. သူတို့အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ?.."

" အဆောင်နေသူတွေက အဲ့လိုမရိုင်းပါဘူးကွာ.. ခုမခင်သေးလည်း နောက်ကျခင်သွားမှာပါ.."

သူ Luggage တွေကို ဆော့နေမယ့်အခန်းထဲကို သေချာထည့်ပေးခဲ့ပြီး အခန်းထဲရှိ အခန်းဖော်တွေနဲ့ပါ တစ်ခါထဲ မိတ်ဆက်ပေးပြီး ဂရုစိုက်ပေးကြဖို့ မှာခဲ့ကာ သူ့အဆောင်ကို ပြန်ခဲ့ရသည်..

ဒုန်းဒုန်းမချနိုင်သည့်စိတ်ကြောင့် ပစ္စည်းနေရချ ရေချိုးပြီးတာနဲ့ ဆော့အဆောင်ဘက်ကို ထွက်ခဲ့တော့ သူအခန်းထဲ ဝင်သွားချင်းကိုပဲ ကြမ်းပြင်မှာ မိုနိုပိုလီဆွဲပြီး အိမ်ကွက်လုနေသော ဆော့ကို မြင်လိုက်ရသည်..

" ဟာ ယောင်း! လာစမ်းပါ ငါကမ်းခြမ်းမှာ ဟိုတယ်လ်ဝယ်ရမလား? တောင်ပေါ်မှာ အပန်းဖြေစခန်းဝယ်ရမလား ကြည့်ပေး!.."

My Basket Your Farm GardenWo Geschichten leben. Entdecke jetzt