UNICODE
ပန်း 🍎ဒီနေ့ ယောင်းက ရည်းစားစာရခဲ့တယ်..
ဒါကို သူ့အဖေက တွေ့သွားပြီး သူ့သားအတွက် ဂုဏ်ယူနေတယ်..
ယောင်းကတော့ ရှက်ရှက်နဲ့ လည်းပင်းကို ပွတ်လို့ ရယ်နေတယ်..
ဘာအထာလဲ အဲ့ဒါ?..
သူ နှုတ်ခမ်းမဲ့လို့ ယောင်းဖေဖေဆီက ရည်းစားစာကို ယူကြည့်လိုက်တယ်..
" သူက ခုမှ ရည်းစားစာရတယ်.. သားဆို မူလတန်းထဲက.."
" ဟေ?.. ဆိုးလ်က ကလေးတွေ တယ်သွက်ပါလား?.."
" ဟော် သားကချောတယ်လေ.. တစ်နေ့ တစ်စောင်ကို ရခဲ့တာ.."
ယောင်းဖေဖေရဲ့ ချီးကျူးစကားတွေက အိမ်ခန်းလေးထဲမှာ လွင့်ပျံနေတော့သည်..
ပြူးကြောင်ကြောင်ကြီးနဲ့ သူ့ကိုကြည့်နေတဲ့ ယောင်းကြောင့် ဘာလဲဆိုတဲ့သဘော မေးဆပ်ပြတော့ ခေါင်းငုံ့သွားသည်..ညအိပ်သည်ထိ ငူငူကြီးထိုင်နေသည့် ယောင်းကြောင့် သူတောင် သတိထားမိလာရသည်..
" ဟေ့ ယောင်း မင်းနေမကောင်းဘူးလား?.."
ယောင်းက ခေါင်းသာ ရမ်းပြရင်း အိမ်စာဆက်လုပ်နေသည်..
သူကတော့ ပျင်းတာမို့ မနက်ကျောင်းသွားခါနီးမှ ယောင်းဆီက ကူးလိုက်တော့မည်..
သူ အိပ်ချင်လာတာကြောင့် အိမ်ဘက်ကို ပြန်မကူးတော့ဘဲ ခေါင်းအုံးတစ်လုံးထုတ်ကာ ယောင်းခုတင်ပေါ် တက်အိပ်လိုက်တော့သည်..
တရေးနိုးတော့ စာကြည့်စားပွဲကနေ တောင့်တောင့်ကြီး သူ့ကို လှမ်းကြည့်နေတဲ့ ယောင်းကြောင့် လန့်သွားရသည်..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..