UNICODE
ချယ်ရီ 🍒
သူနိုးတော့ အသံရှူသံမှန်မှန်လေးက သူ့နားဖျားနားမှာ..
လှည့်ကြည့်လိုက်တော့ ယောင်းမျက်နှာက ဘွားကခနဲ..
သူ လန့်ပြီး ထ,ထ်ိုင်မလို့ လုပ်ပေမယ့် သူ့ကိုဖက်ထားတဲ့ ယောင်းကြောင့် လူက အိပ်ယာပေါ်ပြန်ကျသွားသည်.. ထိုအခါမှ ခေါင်းက တစ်ဆစ်ဆစ်နဲ့..
" အင်း~ နိုးပြီလား?.."
ယောင်းက လူးလွန့်လာပြီး လူကိုလွှတ်ပေးသည်.. သူ ခုတင်ပေါ်က ဆင်းပြီး ဘောင့်ဆောင့်ဘောင့်ဆောင့်နဲ့ ရေချိုးခန်းဝင်လိုက်သည်..
သွားတိုက်နေတုန်း မှန်ထဲမှာ ပေါ်လာတာ ယောင်းမျက်နှာ..
အငြင်းခံထားရတာမို့ ယောင်းကို နှစ်ညအိပ်လောက် မခေါ်ချင်ဘူးရော..
သွားတိုက်ဆေးညှစ်နေတဲ့ ယောင်းကို နှာတစ်ချက်မှုတ်လ်ိုက်ရင်း မျက်နှာသစ်တဲ့အမူကို မြန်မြန်လက်စသတ်လိုက်သည်..
သူ နွားနို့သောက်နေတုန်း ဘေးကနေ လာရပ်နေပြန်တဲ့ ယောင်းကြောင့် နွားနို့ခွက်ကို မဆေးတော့ဘဲ ဘေစင်ထဲ အသံကျယ်ကျယ်နဲ့ ချခဲ့လိုက်သည်..
ကွဲသွားလည်း ခွက်အသစ်ပြန်လုပ်လို့ရတာပဲ ဘာအရေးလဲ..
ကျောင်းသွားဖို့အတွက်ပြင်ဆင်ရင်း လုပ်လက်စ မြေအိုးကို မ,ကာ လွယ်အိတ်လွယ်နေတုန်း ဖိနပ်စင်ကနေ သူစီးမယ့် ဖိနပ်ကိုထုတ်ပြီး အောက်မှာ ထိုင်ချလိုက်တဲ့ ယောင်း..
" ဘာ ဘာလုပ်တာလဲ?.."
" ကိုယ့်ကောင်လေးကို ဖိနပ်စီးပေးတာက ဖြစ်သင့်တာပဲ မလား?.."
ကောင်လေး? ဘယ်သူက ဘယ်သူ့ကောင်လေး? သူ ကွက်ရှင်မတ်တွေ တန်းစီနေတုန်း ယောင်းက သူ့ကိုဖိနပ်စီးပေးပြီးသွားပြီ..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..