UNICODE
ကီဝီ 🥝
ယောင်းလေးရဲ့ ကျောင်းထမင်းဗူးကိုဖွင့်လိုက်တာနဲ့ အပေါ်ဆုံးချိုင့်မှာ ကီဝီစိမ်းစိမ်းလေးတွေက ဝိုင်းစက်နေသည်..
သူဖျတ်ခနဲ့ တစ်ခုကောက်ယူကာ ဝါးလိုက်ရင်း လက်သုတ်ပုဝါ သန့်သန့်လေးကို စားပွဲမှာ အကျအနခင်းလိုက်သည်..
မေမေထည့်ပေးလိုက်တဲ့ဟင်းတွေကို ယောင်းလေးထဲ တစ်ဝက်ထည့်ပေးကာ ယောင်းလေးထမင်းဗူးထဲက သူစားချင်တဲ့ ငါးကြင်းတစ်တုံးကိုလည်း ဆွဲယူလိုက်သည်..
" သချာ်စာမေးပွဲက လာတော့မယ်ကွာ.. မတွက်တတ်ပါဘူးဆို!.."
သူက နှစ်ထပ်ကိန်း ပေါင်းနုတ်မြောက်စားတွေ တစ်ခုမှ မရ!.. ကျက်စာဆိုရင် မမောတန်း ကျက်ပစ်အုံးမည်.. တွက်စာဆိုရင် အလီဆိုရတာနဲ့တင် ဒစ်လည်နေရော..
" မသိတာရှိ ဆရာကိုတန်းမေးလေ.. စာသင်နေရင်က ပုံခိုးဆွဲနေပီး.."
ယောင်းလေးက တူလေးကို လက်သုတ်ပုဝါနဲ့ သုတ်နေရင်း သူ့ကို ဆရာဝင်ကျနေပြန်သည်..
တစ်နေ့တစ်ခါလောက်တော့ ပညာတတ်ပုဂ္ဂိုလ်ဖြစ်ချင်သူမို့ သူလွှတ်ထားလိုက်ပါသည်..
" ထမင်းမြန်မြန်စားရအောင် ပြီးရင် အတန်းကြီးအကိုကြီးတွေ ဘောလုံးပုတ်တာ သွားကြည့်ကြမယ်.."
နှစ်ယောက်သားမျက်နှာချင်းဆိုင် ခေါင်းငုံ့လို့ နေ့လည်စာကို ခပ်မြန်မြန်စားကြသည်..
ထမင်းစားပြီးတိုင်း အထက်တန်းကလူတွေရဲ့ ဘောလုံးကစားတာကို သွားကြည့်ရတဲ့အရသာ က ထူးတော့ထူးသည်..
ညနေ အိမ်ပြန်ချိန်ရောက်တော့ ဒယ်ဂူမြို့ပြရဲ့ အထင်ကရဖြစ်တဲ့ သဘော်တည်ဆောက်ရေး သဘော်ကျင်းဘက်ကို ထွက်လာခဲ့သည်..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..