UNICODE
ဇီး
ထယ်ယောင်း အိမ်နံရံမှာ ထောင်ထားတဲ့ ဂေါ်ပြားနဲ့ ကြိမ်ခြင်းတောင်းကိုလွယ်ကာ ဥယျာဉ်ဘက် ထွက်လို့သွားတယ်..
ဆော့က အိမ်ထဲမှာ..
သူ့အမေတို့ကို ဆိုးလ်ကယူလာတဲ့ ဂျင်းဆင်းတွေ လာမျှတာဖြစ်တယ်.. ကောင်းကြောင်းတွေပဲ ပြောနေတာတော့ မဟုတ်သေးပါဘူး..
သူငယ်ငယ်က ကျန်းမာရေးအတွက် သောက်ခဲ့ရတဲ့ ပီလောပီနံဥတို့ ဂမုန်းဖြူတို့ဆိုလည်း ဆေးဖက် ဘယ်လောက်ဝင်လဲ?..
" ယောင်း~"
ဆော့က ဘောင်းဘီတိုလေးနဲ့ ဘွတ်ဖိနပ်ရှည်ကြီးစီးလို့ သူ့နောက်ကို တစ်ကောက်ကောက်လိုက်လို့လာတယ်..
" ယောင်းလို့~"
ရှေ့ကနေ ဂေါ်ပြားကြီး ပုခုံးပေါ်ထမ်းလို့ ကော့တော့ ကော့တော့နဲ့ လမ်းလျှောက်နေတဲ့ လန်ဘားကြီးကို သူ မြေကြီးခဲလုံးလေးကောက်လို့ ပစ်ပေါက်လိုက်တယ်..
လှည့်ကြည့်ပါဆို!..
မနက်ကထဲက အကြည့်တစ်ချက်လေးတောင် မရသေးတာကြောင့် လူက ငိုချင်လာသလို ဖြစ်လာတယ်..
အကျီစလေးပြေးဆွဲတော့ လမ်းလျှောက်နေတာ ရပ်သွားတယ်..
" ယောင်း မင်းငါ့ကို စိတ်ဆိုးနေသလား?.."
" ပေါက်ပေါက်ရှာရှာ.."
" ပေါက်ပေါက်ရှာရှာ?.."
" အင်း.."
" မင်း ငါ့ကို စိတ်ကောက်နေပါတယ် ယောင်းရဲ့.. မျက်နှာလည်း ဆူပုတ်နေတာကို.."
" ဂျင်းဆင်းအကြောင်း တော်တော်သိတယ်နော်?.."
" အမ်?.."
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..