UNICODE
ဘယ်ရီ 🫐
ဒီနေ့က ကျောင်းအားကစားပြိုင်ပွဲနေ့ဖြစ်တယ်..မနက်ထဲက တက်ကြွနေတဲ့ ဆော့က အခန်းထဲက သုံးယောက်နဲ့ ရယ်မြူးပျော်ပါးနေတယ်..
" ယောင်း မင်းလာခဲ့နော်.."
" ဟို ငါ ငါ အတန်းရှိသေးလို့.."
ဟင့်အင် မင်းတခြားတစ်ယောက်ကို ဖွင့်ပြောနေတဲ့အချိန်မှာ ငါက ဘေးကနေ ရပ်ပြီး ဝမ်းမြောက်ဝမ်းသာ လုပ်မပေးနိုင်လောက်ဘူး..
" ဟာ ယောင်းကလည်း ဒီနေ့က ငါ့အတွက် အရေးကြီးတဲ့နေ့ပါဆို!.."
" ငါ ငါ.."
" လာခဲ့နော်! မင်းမလာရင် ငါမခေါ်တော့ဘူး.."
စိတ်ကလေး ညိုညင်မှာစိုးလို့ သွားလိုက်ရတဲ့ ခြေလှမ်းတွေက ကျောင်းဘောလုံးကွင်းဆီကို..
ဒိုင်းရဖို့အရေး ဒို့အရေးလုပ်က ကွင်းထဲမှာ ပြေးလွှားနေတဲ့ ဆော့ကိုကြည့်ပြီး သူပိုမောလို့ လာတယ်..
ပထမအချီ နားချိန်ထိ နှစ်ဖက်အသင်းက သရေဖြစ်နေကြသေးသည်..
ဆော့က အနားရောက်လာပြီး သူ့ဆီကနေ ရေလာတောင်းသောက်သည်..
" ဟေ့ကောင်တွေ စီစဉ်ထားတာတွေရော.."
ဆော့က ဘေးနားက တစ် နှစ် သုံး ကို အော်လိုက်တော့ ဟိုကောင်တွေက ရယ်ကျဲကျဲတွေနဲ့ လက်ထဲမှာ ကိုင်ထားတဲ့အထုပ်တွေကို မြောက်ပြသည်..
" ယောင်း ပွဲပြီးသည်ထိ ဒီနားမှာပဲနေနော်.."
" အင်းပါ~"
ညစ်ပတ်တယ်ပဲဆိုဆို သူဘောလုံးပွဲစဉ်တစ်လျှောက်မှာ ကျနော်တို့ကျောင်းက ဖလားမရပါစေနဲ့လို့ တစ်ယောက်ထဲ ကြိတ်ဆုတောင်းနေခဲ့တာ ဘယ်သူသိမလဲလေ..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..