UNICODE
ဖရုံ 🎃" ဆော့ ပြပွဲပြီးမှ လာခေါ်မယ်နော်.. ပြပွဲကို မလိုက်နိုင်တာ စိတ်မကောက်ပါနဲ့နော်.."
ယောင်းက သူစိတ်ဆိုးမှာအရမ်းကြောက်တယ်..
အရင်တစ်ခေါက် ယောင်းနဲ့ အလှဘုရင်မလေးကို တွဲတွဲတွေ့နေရာကနေ ဆိုင်သောက်ဆ်ိုင်ရှေ့မှာ ဖက်လိုက်တာကို မြင်လိုက်တုန်းက သူအကြာကြီးစိတ်ဆိုးခဲ့တာဖြစ်တယ်..
အမှန်က ဖက်လိုက်တာမဟုတ်ဘဲ ပွိုင့်ဒေါက်စီးထားတဲ့ ကွင်းမမက ချော်လဲမလိုဖြစ်ပြီး ထိန်းပေးလ်ိုက်တာဖြစ်တယ်..
သူကတော့ ဘာမဟုတ်တာလေးကို အရေးတယူတွေလုပ်ပြီး ယောင်းကို သူတို့နှစ်ယောက်ဇာတ်လမ်း ရပ်လိုက်ကြဖို့ထိ အော်ပြောခဲ့တာဖြစ်တယ်..
အနေအေးတဲ့ ယောင်းက အဲ့နေ့က သူ့ကိုပြန်စိတ်ဆိုးသွားလို့ သူက မနေနိုင်မထိုင်နိုင်တွေဖြစ်ပြီး ဟိုသုံးကောင်ကို မ,ကာ သွားပြီးဝိုင်းချော့ခဲ့ရတာဖြစ်တယ်..
ယောင်းက အဲ့လိုစကားပြောတာကို တကယ်ရင်ထဲမကောင်းကြောင်း သူကပေါ့တန်တဲ့ယောက်ျားလေးတစ်ယောက်မဟုတ်ကြောင်း ပြန်ပြောခဲ့တယ်..
သူတို့နှစ်ယောက် အချင်းချင်းနားလည်မူတွေယူပြီး ပြန်အဆင်ပြေသွားမှ သူက ယောင်းကို တစ်ဖန်ပြန်စိတ်ကောက်ခဲ့တာဖြစ်တယ်..
ဘာလို့စိတ်ကောက်တာလဲလို့မေးရင် ချော့မယ့်ရည်းစားလေးရှိလို့ စိတ်ကောက်တာပေါ့လို့ ခပ်ကြွားကြွားဝံ့ဝံ့လေး ဖြေပေးမယ်..
သူ ယောင်းရဲ့ပါးလေးကို တစ်ချက်ညှစ်လိုက်ရင်း..
" အာညီး မင်းရဲ့ စာတမ်းက အရေးကြီးတဲ့ဟာကို.."
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..