UNICODE
အုန်း 🥥
ဒီနှစ်နွေရာသီက အခါတိုင်းလိုပဲ လှပခြင်းတွေကို သယ်ဆောင်လို့ လာပြန်တယ်..
နွေဦးမှာ ချယ်ရီပင်အောက် ဖျာခင်းပြီး နှစ်ယောက်သား တရေးတမော အိပ်ရတာလည်း ဇိမ်ပဲ..
မနက်စောစော မြူမကွဲသေးချိန် အနောက်ဖက် လယ်ထဲဆင်းပြီး ကြက်သွန်ဥနှုတ်ရတာလည်း သူတို့ပဲ..
ညဉ့်ဦးပိုင်း ဖွားဖွားရဲ့ ချည်ထည်တွေအရောင်စပ်ဖို့ ဆေးစိမ်နေရတာလည်း ပျော်ပျော်ပဲ..
ခုလည်း ယက်ကမ်းစက်ရုံတစ်ခုနဲ့ ချိတ်ဆက်ပြီး နန်းတွင်းကိုပို့ဖို့အတွက် သီးသန့်ချည်တွေကို လုပ်နေရသည်မို့ အိမ်မှာ ကူဖော်လောင်ဖက်လေးတွေ လုပ်နေကြရသည်..
" ဆော့ အဂီတို့က လေဆန်ကုန်းမှာ စွန်လွှတ်ရအောင်တဲ့ သွားမလား?.."
ဆော့ဂျင်း အိမ်ထဲ တစ်ချက်လှမ်းကြည့်လိုက်သည်.. သူ့အမေဟာ အိမ်ပြင်ထွက်ပြီး လျှောက်လည်တာ မကြိုက်!..
ကိုယ့်အိမ်ထဲမှာကိုယ် အမြှီးထောင်ထောင် ပေါင်ကားကားကြိုက်သလိုနေလို့သာပြောထားသည်..
" ညနေကျ သွားကြမယ်လေ.. ခုမနက် အိမ်ထဲမှာပဲ ဂိမ်းဆော့ကြတာပေါ့.."
သူတို့နှစ်ယောက် စာကြည့်ခန်းလေးထဲ ဝင်လို့ ဂိမ်းဆော့ကြရင်း နေ့လည်စာစားချိန်ကို ရောက်လို့လာသည်..
" ယောင်း အိမ်မှာ ထမင်းစားသွားနော်.."
" ဟင်းတွေယူခဲ့ ငါတို့ နောက်ဖေးခြံထဲ သွားစားမယ်.."
အိမ်ကူမမတွေ ဂင်မ်ချီစိမ်တဲ့ ဇလုံထဲ ဟင်းတွေအပြည့်တွေပြီး ထီးတစ်ချောင်းနဲ့ ယောင်းတို့ အသီးခြံတွေထဲ အရိပ်ရတဲ့နား သွားစားကြသည်..
အနားမှာတွေ့တဲ့ ခရမ်းကြွတ်သီးတွေနဲ့ ပဲရှည်တောင့်စိမ်းတွေကိုလည်း ဟင်းတွေထဲ မွှေနှောက်ပြီး စားလိုက်ကြသည်..
လေလေးတစ်ဖြူးဖြူးနဲ့ နေ့လည်စာစားပြီး နှစ်ယောက်သား ဇိမ်ယစ်နေတုန်း..
" နွေပိတ်ရက်ကြီးက ပျင်းစရာကြီးကွာ ခရီးလေး ဘာလေး သွားရရင် မိုက်မှာကို.."
" မင်း မေမေကို ပြောကြည့်လေ.."
" မေမေက ရတယ်.. အဖွားသာ.."
ဆော့က တစ်အိမ်လုံးမှာ သူအကြောက်ဆုံးက အဖွားဖြစ်သည်.. သူ့အမြင်တော့ အဖွားက ဒီလောက်သဘောကောင်းတာကို..
" အဖွားကို ငါလိုက်ပြောပေးမယ်လေ.. ငါတို့ ပင်လယ်ဘက်သွားကြမယ်.."
သူ မမျှော်လင့်ထားပေမယ့် အဖွားဆီက ခွင့်ပြုချက်ရခဲ့သည်..
အကျီတွေ ထည့်သိုပြီးတာနဲ့ နှစ်ယောက်သား ကျောပိုးအိတ်လေးတွေလွယ်လို့ ဘတ်စ်ကားဂိတ်ကို ပြေးကာ ကားလက်မှတ်သွားဖြတ်တော့သည်..
ကမ်းခြေရောက်တာနဲ့ နှစ်ယောက်သား ရေထဲသာ ဒိုင်ပင်ပစ်ထိုးတော့သည်..
ရေကူးလို့ ဝသွားမှ ကမ်းဘက်ပြန်တက်လာရင်း ဈေးဆိုင်တန်းလေးတွေမှာ ချိတ်ဆွဲထားသည့် အုန်းခွံနဲ့ ပြုလုပ်ထားသည့် အမှတ်တရပစ္စည်းလေးတွေကို လိုက်ကြည့်ကာ ထီးအမိုးလေးတွေအောက် ဝင်ခိုပြီး အုန်းရေတစ်အိုး မှာသောက်လိုက်ကြသည်..
အုန်းသီးတစ်လုံးထဲ ပိုက်နှစ်ချောင်းတပ်လို့ သောက်နေကြတဲ့ သူတို့နှစ်ယောက်က ပိုက်တွေကို ရှုပ်တယ်ဆိုပြီး တစ်ချောင်းကို လွှတ်ပစ်ပြီး ပိုက်တစ်ချောင်းထဲကိုသာ သုံးခဲ့ကြသည်..
" ပင်လယ်နဲ့ အုန်းရေဟာ အလိုက်ဖက်ဆုံးပဲ.."
" ဟုတ်ပ့ မင်းနဲ့ ငါ့လိုပဲ!.."
လွှတ်ခနဲ ထွက်သွားပြီးမှ သူ့စကားကြီးကို ပြန်တွေးမိတဲ့အခါ အုန်းရေတွေ ပါးစပ်ထဲက ထွက်ကျကုန်တော့သည်..
ယောင်းက သူ့ပါးစပ်က အရည်တွေကို သုတ်သင်ပေးရင်း အစားစားနေရင်း စကားမများဖို့ ပြောသည်..
တော်သေးတယ် ဟိုစကားကို ယောင်းက ကြားမသွားလို့.. ခွီးခွီး..
မကြားချင်ယောင် ဆောင်လ်ိုက်တဲ့ အခိုက်အတံ့တွေဟာလည်း တိတ်ဆိတ်ခြင်းဆိုသော်ငြား ပုန်းကွယ်နေခြင်းတရားတွေပါ..
ဆယ့်ခြောက်နှစ် လူပျိုဖော်ဝင်ခါစ အရွယ်လေးမှာ နှစ်ယောက်ထဲ ပထမဆုံး ခရီးတူတူထွက်ခဲ့ကြသည်..
ဒီနွေဦးလေးဟာ ခါတ်ိုင်းနွေတွေထက် လှပနေခဲ့သည်..
အုန်းဦးရည်ဟာလည် သိပ်ချိုပါသည်..
~~~~~
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..