Mango 🥭

866 204 14
                                    

UNICODE

UNICODE

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

သရက်.. 🥭

ဒီနေ့ ဆိပ်ကမ်းဈေးကို ယောင်းလေးနဲ့ အတူ မနက်စောစော လိုက်လို့လာတယ်..

ဈေးမှာ ငါးတွေနဲ့ ပုဇွန်တွေက အပေါဆုံးဖြစ်တယ်..

သူတို့ ဂဏန်းတွေဝယ်တဲ့အခါ ဆိုင်ပိုင်ရှင်အဖွားက သရက်သီးနှစ်လုံး လက်ဆောင်ပေးလို့လာတယ်..

ယောင်းလေးနဲ့ အဲ့အဖွားနဲ့က ရင်းနှီးတာကြောင့်တဲ့..

ဈေးတန်းထဲက မနက်စာဆိုင်လေးမှာ ပူပူနွေးနွေးခေါက်ဆွဲဝင်စားရင်း တို့ဟူးကြော်လည်း စားခဲ့သေးတယ်..

ဈေးရဲ့အဆုံးမှာ မိုးလုံလေလုံ မားကဒ်ရှိတာကြောင့် ဝင်လည်ရင်း ဟိုကြည့်ဒီကြည့်နဲ့ ယောင်းလေးအမေ ဟင်းချက်ဖို့အမီပြန်ရမယ့်အချိန်ကို ကျော်လွန်လို့လာခဲ့တယ်..

အဲ့တာကြောင့် သူတို့နေ့လည်စာကို စိုက်ခင်းထဲက အရွက်ကြော်နဲ့သာ စားခဲ့ရပြီး နေ့လည်မှာ ဂေါ်ဖီထုပ်ခြံထဲမှာ ပေါင်းဝင်နုတ်ရတော့တယ်..

လုပ်သားအန်တီတစ်ယောက်က ကြောင်လေးခေါ်လာတာကြောင့် စိုက်ခင်းထဲ ကြောင်တစ်ကောင်နဲ့ သူတို့နှစ်ယောက်က အလုပ်ဖြစ်နေတော့တာပဲ..

" ယောင်းလေး ငါတို့လည်း အကောင်လေးတစ်ကောင်လောက် မွေးရအောင်လေ.."

" ဘာကောင်မွေးကြမလဲ?.."

သူတို့နှစ်ရက်လောက် စဉ်းစားအပြီးမှာ မြို့အဝင်က ဘဲခြံထဲကို တက်ညီလက်ညီ ချီတက်ခဲ့ကြတယ်..

ပြောင်းဆံခြောက်တွေ စားနေတဲ့ ဘဲခြံထဲက ဘဲဝါလေးဟာ အူယားစရာ..

အိမ်ကို ဘဲခေါ်လာပြီးတဲ့နေ့ကထဲက သူတို့ ခြံထဲမှာ လျှောက်မဆော့ဖြစ်တော့..

ဘာလုပ်လုပ် ဘဲလေးနောက်လိုက်နေတာကြောင့် ခုဆို ဘဲလေးကတောင် သူတို့နှစ်ယောက်ကို အမြင်ကပ်နေပြီဖြစ်တယ်..

သူတို့ကလည်း သူတို့ပါပဲ.. ဘဲလေး အစာကောက်နေတာလည်း ချစ်ဖို့ကောင်းတာကြောင့် ဘေးကနေ ငုံ့ကြည့်.. ချီးတုံးလေးတွေညစ်လည်း ဘာအရောင်လေးလဲဆိုတာ လိုက်ကြည့်နဲ့မို့ ဘဲလေးက ခုဆို မာန်တက်နေပြီဖြစ်တယ်..

ဒီနေ့တော့ ရေဇလားထဲမှာ ရေဖြည့်ပြီး ဘဲလေးကို ရေကူးခိုင်းထားရသည်..

မေမေ ဂျူးမြစ်တူးခိုင်းတာကို မြန်မြန်ပြေးတူးပြီး ရေကူးနေတဲ့ ဘဲကို ကြည့်ချင်နေပြီဖြစ်တယ်..

" ယောင်းလေး ဘဲလေးက ဝလာသလိုပဲနော်.."

" အင်း ဗိုက်ဖောင်းဖောင်းလေးဆိုတော့ ပိုကောင်းတာပေါ့.."

" ဒါပေမယ့် သူဝသွားရင် ဘယ်ဆက်ဆီကျတော့မလဲ နောက်ရက် လေ့ကျင့်ခန်းလေး လုပ်ခိုင်းရအောင်.."

ထယ်ယောင်း ဆော့ဂျင်းစကားကြောင့် ခဏတော့ ကြောင်သွားသည်..

တိရစ္ဆာန်လေးတွေကိုလည်း လေ့ကျင့်ခန်းလုပ်ပေးရတယ်လား?..

အဓိပ္ပါယ်မရှိဘူးလို့ သူပြောလိုက်ချင်ပေမယ့် မြို့ကြီးပေါ်က သူငယ်ချင်းလေးကို သူပြိုင်မငြင်းရက်..

ဘဲလေးကို ခေါင်းပုတ်လို့ လူစကားတွေ ပြောပြီး ဆုံးမနေတဲ့ မြို့သားသူငယ်ချင်းလေးကို ကြည့်ပြီး သူသဘောကျရပါသည်..

တစ်ပတ်လောက် ဆန်အိုးထဲထည့်အုပ်ထားသည့် သရက်သီးလေးနှစ်လုံးက ညစာစားပြီးတဲ့အချိန်မှာ အချိုတည်းဖို့ အဆင်သင့်ဖြစ်လို့နေတယ်..

သရက်သီးအခွံလေးတွေကို ဘဲလေးစားဖို့ ချထားပေးပြီး သူတို့နှစ်ယောက်ကတော့ ခရင်းစိုက်ထားတဲ့ ယွန်းပန်းကန်ထဲက သရက်သီးလေးတွေကို မြိုင်မြိုင်စားနေသည်..

အသီးမှာသရက် အသားမှာဝက်မို့ နှစ်ယောက်စလုံးက တစ်ပြုံးပြုံး..

ညဉ့်ဦးယံ ကောင်းကင်မှာ လသာမနေပါ..

တိမ်မဲတွေဖုံးလွှမ်းနေပြီး လေပြင်းတိုက်ခတ်သံကြောင့် နောက်ဖေးခြံဘက်က အသီးကြွေသံတွေလည်း ကြားနေရသည်..

မိုးသံလေး တစ်ဖျောက်ဖျောက်ကြားတဲ့အခါ ပြတင်းတံခါးတွေကို လိုက်ပ်ိတ်လို့ တံစက်မြိတ်က ကျနေတဲ့ မိုးရေလေးတွေကို မှန်ပြတင်းပေါက် ဝါးဝါးကနေ ငေးကြည့်နေခဲ့ကြသည်..

မိုးဦးလေပြေရယ်.. အမွှေးဖွာနေတဲ့ ဘဲလေးတစ်ကောင်ရယ်.. အချမ်းဓာတ်ကြောင့် စောင်တူတူခြုံထားတဲ့ မြို့သားသူငယ်ချင်းလေးရယ်..

အင်း မကြာခင် ကျောင်းတွေဖွင့်တော့မည်..

သူငယ်ချင်းလေးကို စက်ဘီးပေါ် နေ့တိုင်း တင်နင်းမည်..

သူ ဒီမြို့သားကို သိပ်ခင်တွယ်ရပါသည်..

~~~~~

My Basket Your Farm GardenDonde viven las historias. Descúbrelo ahora