UNICODE
သံပရာ
" ဟုတ် အဲ့ဒါဆို ကျနော်ထွက်လာရင် ဖုန်းဆက်လိုက်မယ်လေ အကိုဂျေအင်း.."
ဆော့က တခစ်ခစ်ရယ်ရင်းနဲ့ ဖုန်းချသွားမှ သူဆော့အနားသွားပြီး အမောပြေသံပရာရေလေး တိုက်လ်ိုက်တယ်..
" ဖုန်းပြောရတာ မောသွားရောပေါ့?.."
" အလိုက်သိတတ်လ်ိုက်တဲ့ ငါ့ယောင်းလေး.."
ဆော့ဂျင်း သံပရာရည်ကို တစ်ခွက်လုံးမော့သောက်ပစ်လိုက်တယ်..
သူတစ်နာရီနီးပါး အကိုဂျေအင်းနဲ့ ဖုန်းပြောနေခဲ့တာဖြစ်တယ်..
သူ့ရဲ့ မြေအိုးလုပ်ငန်းစတူဒီယိုအသေးလေးအတွက် သူက ကျောင်းမှာကိုယ်ပိုင်အခန်းလေးလိုချင်နေတာဖြစ်တယ်..
ကျောင်းသားသမဂ္ဂအသင်းထဲမှာပါတဲ့ အကိုဂျေအင်းက သူ့အတွက် ကိုယ်ပိုင်အခန်း အသုံးပြုခွင့်လျှောက်လွှာကို ကူညီပေးဖို့ အစစအရာရာလုပ်နေတာ..
" ဆော့ ကျောင်းပိတ်ရက်ကျ အိမ်ပြန်ရအောင်လေ.. ဟိုရက်က မေမေဖုန်းဆက်တာကြားတယ်မလား?.. နွေဦးပေါက်တော့ နှမ်းတွေရိတ်သိမ်းနေပြီတဲ့.. ဒီနှစ်ကန်ထဲမှာလည်း ကြာရိုင်းတွေ အရမ်းပွင့်တယ်တဲ့ ငါတော့ အိမ်ကို အရမ်းလွမ်းနေပြီ.."
ယောင်းက ဒုတိယနှစ်စာမေးပွဲပြီးရင် အိမ်ကိုတန်းပြန်ချင်နေတာဖြစ်တယ်..
သူက တစ်လလောက်ဒီမှာ ထပ်နေချင်သေးပြီး ကိုယ်ပိုင်အခန်းစတူဒီယိုလေးအတွက် ပြင်ဆင်ချင်တာဖြစ်တယ်..
အဲ့ဒါဆို တတိယနှစ်ကျောင်းပြန်ဖွင့်တာနဲ့ သူက သူ့ကိုယ်ပိုင်အခန်းလေးနဲ့ အိုးဖုတ်လို့ရပြီဖြစ်ပြီး ဝက်ဆိုဒ်လေးထောင်ကာ အလှအိုးတွေ ထုတ်လုပ်လို့ရပြီဖြစ်တယ်..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..