UNICODE
နာနတ်🍍
နာနတ်ပင်တွေက ဟိုးနောက်ဘက်ခြံစွန်းက ရေကန်နားမှာမို့ သူတို့နှစ်ယောက်သား ဓားကိုယ်စီနဲ့ အကြီးဆုံးအလုံးကို ရွေးနေကြသည်..
နာနတ်က စီးပွားဖြစ်မဟုတ်ဘဲ အိမ်စားဖို့လောက်နဲ့ ဝေမျှရုံလောက်သာ စိုက်ထားတာဖြစ်သည်..
ရေလာကူးတိုင်း အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ရတဲ့ နာနတ်သီးလေးတွေဟာ ဒီနေ့မှာတော့ ဝင်းဝါထိန်လို့ ပြည့်ဖြိုးနေပြီဖြစ်သည်..
ဆူးထောင်တွေရှိတာကြောင့် မနည်းခူးလိုက်ရရင်း အသင့်ယူလာတဲ့တောင်းထဲ သုံးလုံး ခူးထည့်လိုက်သည်..
" နာနတ်သီးက မင်းနဲ့တူတာပဲ.."
ယောင်းလေးက နာနာတ်သီးကို ဆူးထောင်ကနေကိုင်ပြီး သူ့ခေါင်းကို မျက်စပစ်ပြသည်..
အဲ့ဒါ မနက်က မေမေ စီးပေးထားတဲ့ ကြက်တောင်စီးဖြစ်ပြီး ယောင်းကိုင်ထားတဲ့ နာနတ်သီးနဲ့ အလွန်တူနေသည်တဲ့..
" ဆော့ ကြာစွယ်စားမလား?.."
ရေထဲဆင်းပြီး ကြာရိုးကြာစွယ်ခူးရတဲ့ ဖီလင်ကအရမ်းမိုက်တာမို့ သူတို့နှစ်ယောက် ရေတံခွန်က စီးဆင်းနေတဲ့ လယ်ကန်သင်းထဲကို ဒိုင်ပင်ပစ်ဝင်တော့သည်..
ကြာနုရိုးတွေကို ကန်ဆင်းရိုးပေါ်မှာတင် ပယ်ပယ်နယ်နယ်ထိုင် ဖျင်ရင်း ပိန်းဥလည်း တူးလိုက်ကြသည်..
" ယောင်း မင်းနားက ကြာပန်းခူးပေး.."
ရွှံ့အိုင်ကန်ထဲက မတက်သေးတဲ့ ယောင်းကို ကြာဖြူပန်းနဲ့ ပန်းဆီရောင်ကြာပန်းနှစ်ပွင့် ခူးခိုင်းလိုက်ပြီး နေမွှန်းတည့်ချိန်ရောက်တော့ သူတို့နှစ်ယောက်စလုံး ကြာရွက်ကြီးတွေ ခေါင်းပေါ်တင်လို့ အဆောင်းလုပ်ကာ အိမ်ဘက် ပြန်ကူးလာခဲ့ကြသည်..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..