UNICODE
ပင်မှည့်
ဒုတိယနှစ် ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ နဂိုရှိရင်းစွဲ ရုပ်ရည်ချောမောလွန်းသည့် ယောင်းက လူတိုင်းပါးစပ်ဖျားမှာ ပြောစမတ်လိုဖြစ်လာသည်..
အထက်တန်းကျောင်းတုန်းကလို ရည်းစားစာပေးတာတွေ ဘာတွေ မရှိပေမယ့် တွေ့ဆုံပွဲခေါ်တာတို့ စာပြခိုင်းတာတို့ကတော့ ရေလာမြောင်းပေးလုပ်ကြသေးသည်..
စီနီယာချောချောလေးကို ကပ်ချင်နေတဲ့ မိန်းမလှလေးတွေကို မျက်စောင်းထိုးရတာလည်း သူ့မှာ အမောဖြစ်နေသည်..
ခုလည်း စာကြည့်တိုက်ထဲ ယောင်းပုခုံးပေါ်မှီလို့ ရုပ်ပြကာတွန်းထိုင်ဖတ်နေတာ ဇတ်တွေတောင် ညောင်းလာပြီဖြစ်သည်..
ယောင်းကတော့ ပင်စည်ရေသောက်မြစ်အကြောင်းရှာနေတာ မပြီးသေးချေ..
သူပျင်းအီတောက်နေပေမယ့် ယောင်းကို ဂျီမကျရဲ မဆိုးရဲချေ..
ခုတလော သူ့မှာ ဘာတွေ သံသယဖြစ်လာလည်းဆိုရင် သူအဲ့ဂျစ်တီးဂျစ်ကန်တွေလုပ်ရင် ယောင်းထားသွားလိမ့်မည်ဟု စိတ်ဆွဲနေခြင်းဖြစ်သည်..
ယောင်းလို လူက ဖောက်လွဲဖောက်ပြန်စိတ်တွေ မရှိဖူးဆိုတာ သူသိပေမယ့် ဘယ်ပြောရမလဲလေ အနာဂတ်ကို ကြိုမြင်တာကျလို့..
ဒါ့ကြောင့် သူယောင်းအနားမှာ ယောင်းစကားကို နားထောင်ရင်း လိမ်လိမ်မာမာသာနေသည်.. ဒါမှ ယောင်းက သူ့ကို စိတ်မပျက်သွားမှာလေ..
" ဆော့ ဗိုက်ဆာပြီလား?.. ခေါက်ဆွဲအေးသွားစားရအောင်လေ.."
တကယ်တော့ သူလွန်ခဲ့တဲ့ နာရီဝက်လောက်ထဲက ဆာနေတာ.. ယောင်းက စပြောတာကို စောင့်နေရတာလေ..
YOU ARE READING
My Basket Your Farm Garden
Fanfictionဥယျာဉ်မှူးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့သည်.. စိုက်ပျိုးရေးခြံထဲက သစ်သီးတွေ ခိုးစားရင်းပေါ့..