Papaya

1K 133 18
                                    

UNICODE

UNICODE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သဘော်

နွေလယ်ခေါင်မှာ လေသာဆောင်လည်း မထိုင်နိုင်ခဲ့ပါ..

အပူချိန်ဟာ အိမ်ထဲထိုင်နေရင်းတောင် အိုက်စပ်စပ်ကြီးဖြစ်နေတာကြောင့် ယပ်တောင်တစ်ချပ်ချပ် လေတစ်ဖြတ်ဖြတ်ပဲ..

ခုလေးတင် ခြံထဲမှာ ချည်ခင်တွေ လှမ်းတာ ကူပေးခဲ့တာမို့ လူက ဖတ်ဖတ်မော..

သူ့အခန်းထဲက လေအေးပေးစက်က အဖွားတို့ခေတ်ထဲက သုံးတဲ့ ပစ္စည်းမို့ တော်တော်ဟောင်းနေပြီဖြစ်တယ်..

လူကြီးဖြစ်တဲ့အဖွားက အသစ်မလဲချင်ဘဲ ဒီအဟောင်းကြီးကိုပဲ ပြန်ပြင်သုံးချင်နေသေးတာဖြစ်တယ်..

သူ့စိတ်နဲ့ဆို ရှေးဟောင်းပစ္စည်းစုတဲ့ အဟောင်းတန်းမှာဖြစ်ဖြစ် သွားပို့ထားလိုက်မိမှာ.. ရောင်းစားရအောင်လည်း ရေခဲချောင်း တစ်ချောင်းစာတောင် ရမယ်မထင်..

သစ်ပင်ပန်းမန်တွေများတဲ့ ယောင်းတို့ခြံဝန်းဘက်ထွက်လာတော့ ဝါးရှည်ပင်တွေရဲ့ လေယူသိမ်းမူကြောင့် စိမ့်စိမ့်လေး နေလို့ကောင်းသွားစေသည်..

ယောင်းက ခြံထောင့်က မြေစာပုံနားမှာ ဆလက်ခရမ်းတွေစိုက်နေတာမို့ အနှောက်ယှက်မပေးဘဲ ဘေးကနေ ကျုံ့ကျုံ့လေးထိုင်လို့ အသာလေး ထိုင်ငေးနေမိသည်..

" ငြိမ်လှချည်လား?.."

" အင်း.. ပူလို့.."

" အရိပ်ထဲမှာ နေလေ မင်းရဲ့.."

" ဟင့်အင် ယောင်းနားမှာဘဲ နေချင်တာ.."

" ချွဲပြန်ပြီ.. ဘယ်အပင် ဆွဲနုတ်ခဲ့မိလို့လဲ?.."

ယောင်း မြေဆွနေရင်းကနေ ဘေးဘီကို ငဲ့ကြည့်လို့ အပင်တွေ လဲနေ မနေ စစ်ဆေးသည်..

You've reached the end of published parts.

⏰ Last updated: Nov 23, 2022 ⏰

Add this story to your Library to get notified about new parts!

My Basket Your Farm GardenWhere stories live. Discover now