Part - 2

7.2K 772 26
                                    


ဂျီဆောင်း တက္ကသိုလ်ဆိုတာက နာမည်ကြီးတဲ့အလျောက် သောက်ကြောတင်းလေးတွေတအားများလွန်းသည်။ အာဏာရှိလူတန်းစားတွေရဲ့ သားသမီးတွေဆိုတဲ့ ခေါင်းစဉ်အောက် ကျောင်းကောင်စီမှအစ ပြောရဲဆိုရဲမရှိ။

”ကိုကို ဂျီဆောင်းတက္ကသိုလ်က တအားခမ်းနားတယ်မလား အထက်တန်းပြီးရင် အဲ့မှာ Scholar ရအောင်လုပ်မလို့ ”

”နင်တက်ချင်နေတာဆိုလုပ်ပေါ့ အခုထိငါ့မျက်လုံးထဲချစ်စရာကောင်းတဲ့ ကျောင်းသားမတွေ့ဘူး ”

ဆောင်းဟာက ရယ်လေတော့သည်။

”ကိုကိုကစိတ်မရှည်လို့ရမလား အခုက တကယ့်တက္ကသိုလ်ဆရာဖြစ်နေပြီ ”

လစာကောင်းသလောက် လျစ်လျုရှုသင့်တာတွေများသည်။ တစ်ပတ်လောက်ရှိသေးပေမယ့်လည်း အတန်းပိုင်တွေကို လာဘ်ထိုးတာကလည်းမျက်စိရှေ့။

**

”ဟေး ကျောင်းသားတွေ အတန်းမတက်ဘဲ ဘာလုပ်နေတာလဲ ဘယ်အခန်းကလဲ ”

ပီကေဝါးနေသည့် ကျောင်းသူမလေးတစ်ယောက်နှင့် ယောက်ျားလေးနှစ်ယောက်အပါအဝင် စုဝေးနေတာဖြစ်သည်။
ထိုထဲကမှ အေးစက်သောမျက်နှာပေးနှင့် ကောင်လေးက ဆေးလိပ်ကိုင်ထားသေးတာ။

”ဆေးလိပ်သောက်နေတယ်? စည်းကမ်းထိန်းသိမ်းရေးရောက်ချင်နေကြတာလား ဒီလိုကျောင်းကိုလာပြီး”

ဆေးလိပ်အား ခြေထောက်ဆီသို့ပစ်ချကာနင်းခြေသည်။

”ရပြီလား ”

ယဉ်ကျေးခြင်းအမူအရာကင်းမဲ့စွာတုံ့ပြန်ပြီး ဂရုမစိုက်ဟန်လုပ်ကာထွက်သွားသည်။

နာမည်ကဒ်ပြားကို ဖတ်မိလိုက်ရသည်က ကျွန်တော်သင်တဲ့အခန်းကဖြစ်သည်။

”Jeon Jungkook? ”

သောက်လက်စဆေးလိပ်အား တစ်စုံတစ်ယောက်ခိုင်းစေမှုကြောင့် လွှတ်ပစ်တာမျိုးလုပ်လေ့မရှိ။

”Jungkook က ဆေးလိပ်သောက်တာကို တားရင်မကြိုက်တာ အခုဘယ်လိုဖြစ်တာလဲ ”

ဟာယွန်းက ကပ်ပြောတော့ ဂျုဟွန်းလဲပါလာသည်။

”အဲ့ဆရာကို တစ်ခုခုလုပ်မလား ငါတို့ကိုအာဏာပြသွားတာ မကျေနပ်ဘူး ”

The Greatest Love (Outro Completed)Where stories live. Discover now