ဆောင်းဟာ ကို စမ်းသပ်ပြီး ခွဲစိတ်မဲ့ရက်တွေညှိနှိုင်း နိုင်ခဲ့သည်။
စာမေးပွဲပြီးရင် ခွဲစိတ်ဖို့အသင့်ပြင်ထားရမည်။"ဆောင်းဟာ စာကိုပုံမှန်ပဲလုပ် ဆိုးလ် တက္ကသိုလ် ကို တက်နိုင်မှာ စိတ်မပူနဲ့ "
"ဆောင်းဟာ သိပါတယ် အချိန်တွေခွဲထားပြီးကြိုးစားနေတယ်"
Jeon အိမ်တော်ကို သွားချေပြန်ချေဖြစ်လာပြီးနောက် သောက်အဆင်မပြေမှုတွေက နေ့စဉ်ရက်ဆက် မရိုးအီရ။
"ဂျုဟွန်း ငါ ပါစတာ စားချင်တယ် "
"Jungkook နဲ့မှာလိုက် "
စာသင်နေရင်းက စကားတွေထပြောရင်လည်း ကြည့်နေရုံပဲတတ်နိုင်သည်။
"ဆရာ.. မြို့ထဲမှာ ပါစတာဝယ်ပေး"
"ဒီတွက်စာက အရမ်းမခက်ပေမယ့်.. "
အဲ့အကြောတင်းဆရာ ဘယ်လောက်ထိမသိသလိုနေနိုင်မလဲ ကြည့်ချင်တာ။
"ဆရာ မကြားဘူးလား ဟာယွန်း ပါစတာစားချင်လို့ဝယ်ပေးဖို့ပြောနေတာ "
"ပါစတာ? စားရတာလား ပထမဆုံးကြားဖူးတာမို့လို့မဝယ်ပေးတတ်ဘူး ဘယ်လိုလုပ်ပါ့မလဲ "
ဟာယွန်းကလည်း မျက်လုံးမှိတ်သွားသည်ထိပြုံးပြလာ၏။
"အရူးကွက်နင်းလဲအသုံးမဝင်ဘူးဆိုတာ ဆရာဘာလို့သဘောမပေါက်ရတာလဲ အခုနေများအလုပ်ဖြုတ်ပစ်လိုက်ရင် သန်းချီနေတာတွေဘယ်လိုလုပ်မလဲ.. ဆရာ့ထက်တောင် တန်ဖိုးကများသေးတာမဟုတ်လား "
ရင်ထဲတင်းကျပ်လာကာ ခံပြင်းလွန်းလို့နေရခက်သည်။
"ကားနဲ့သွားမယ် "
"အဲ့က ဦးလေးကြီးတွေလိုက်ပို့ပေးလိမ့်မယ် "
အနက်ရောင်ဝတ်စုံပြည့်နဲ့ လူယုံ ပုံစံရှိကာ ကားထဲလိုက်ပါလာသည်။
ပါစတာအတွက် နာရီဝက်တမျှစောင့်လိုက်ရတာမို့ အိပ်ငိုက်ချင်လာ၏။"ကား.. ကားဘယ်ရောက်သွားတာလဲ ?"
မဟုတ်မှ ဒီတိုင်းထားခဲ့ကြတာလား။ Jeon အိမ်တော်က မကောင်းဆိုးဝါးဝင်စားကြလို့ လူစိတ်ပျောက်နေတာလား။ Taxi ငှားလိုက်ကာ အိမ်တော်ဆီပြန်ရောက်လာ၏။