Part - 19

4.9K 593 34
                                    


အစ်မက ဆောင်းဟာကိုကားနဲ့တိုက်တဲ့တရားခံအဖြစ် သက်သေနဲ့ဝန်ခံထွက်ဆိုတဲ့သတင်းက တစ်နိုင်ငံလုံးပျံ့နှံ့သွားတာကြောင့် အမေနဲ့အဖေက ကိုရီးယားကိုချက်ချင်းပြန်သွား၏။

ဘာကိုမှအပျက်အစီးခံမှာမဟုတ်ပေမယ့် အမေနားလည်ဖို့မျှော်လင့်သည်။ ကျွန်တော်က အဲ့လူကိုစိတ်ချရအောင်ထားပြီးမှ ကိုရီးယားကိုပြန်နိုင်မည်။

”သတင်းတွေ့တယ် ”

အဲ့လူလဲသိပြီဖြစ်ကာ ကျွန်တော့်ကိုမေးခွန်းထုတ်သလိုကြည့်သည်။

”အမေဘာလုပ်မလဲမသိသေးတာမို့လို့ စိတ်ချရအောင်ကျွန်တော့်နားမှာပဲနေပါ ”

”ဒီမှာကြာကြာနေရင် မင်းပြသနာတက်မှာ”

”တောင်းပန်ပါတယ် ဆောင်းဟာကိုဒီလိုဖြစ်စေတဲ့အစ်မရဲ့အိမ်မှာ ခိုလှုံခိုင်းထားရလို့ ဒီကိုလာဖို့အစ်မကူညီတာလက်ခံခဲ့လို့ ခင်ဗျားမုန်းမှာသိပေမယ့် ဘယ်လိုမှမတတ်နိုင်လို့ပါ”

Jungkook က မျက်ရည်တွေကျလာတော့ကျွန်တော်ဘာပြောရမှန်းမသိဖြစ်သွားသည်။ အတော်လေးပင်ပန်းနွမ်းလျနေပုံရသည်။

”တောင်းပန်ပါတယ် ခင်ဗျားအဆင်မပြေတာတွေပဲလုပ်မိလို့”

”အရင်ရက်တွေမှာမြေအောက်ခန်းထဲ Piano တွေ့လိုက်တယ် ငါဘာမှမဖြစ်ပါဘူး ဘာလို့ငိုနေတာလဲ ငါဒေါသလဲမထွက်နေပါဘူး”

”ခင်ဗျားအဆင်ပြေရဲ့လား ကျွန်တော့်ကိုလျစ်လျုရှုလိုက်တော့မလို့လား မကြာခဏမုန်းအောင်လုပ်မိလို့စိတ်လျှော့လိုက်တာမျိုးကိုမလုပ်ပါနဲ့ မုန်းလဲရတယ်လို့ပြောခဲ့တယ်လေ လျစ်လျုရှုတာကိုမလုပ်နဲ့”

စိုးရိမ်ကြီးစွာကျွန်တော့်ကိုတောင်းပန်ခယသလိုအကြည့်တွေနဲ့ ဆိုသည်။ သူက ပျက်စီးနေတဲ့အပိုင်းအစတစ်ခုလိုမျိုး။

”Jungkook ငါပြောတာနားထောင်ဦး မင်းအမြဲတောင်းပန်နေတာကငါ့အတွက်သက်သောင့်သက်သာဖြစ်မယ်ထင်နေတာလား မင်းရဲ့အဲ့လိုပုံစံကိုပထမဆုံးစမြင်ရတည်းက ငါ့အတွက်လဲပင်ပန်းရတယ် ခက်ခဲအောင်မလုပ်နဲ့တော့ ငါလျစ်လျုရှုတာမျိုးကိုလုပ်မှာမဟုတ်လို့”

The Greatest Love (Outro Completed)Where stories live. Discover now