ငါးနှစ် တိတိအမိန့်ချမှတ်ခံလိုက်ရတဲ့ အစ်မဆူယောင်း။
အစ်မက အေးအေးလူလူပဲတုန်လှုပ်ခြင်းမရှိလက်ခံ၏။”ငါအဆင်ပြေပါတယ် ငါးနှစ်ကခဏလေးပါပဲ ”
”ကျန်းမာရေးဂရုစိုက်ပါ ”
အစ်မကိုအသာအယာဖက်တော့ ကျောကိုဖွဖွပုတ်၏။ ကျွန်တော်နဲ့ဟာယွန်းကသွေးသားဖြစ်ပြီး အစ်မနဲ့ဂျုဟွန်းကမွေးစားထားမှန်း အစ်မကသိနေတာကြာခဲ့ပြီဖြစ်သည်။
”ပင်ပန်းသွားပြီ Taehyung ”
မင်ဂျွန်းက ဆောင်းဟာကိုစမ်းသပ်ဖို့သွားရင်း ပခုံးကိုဖွဖွပုတ်ကာပြောလာ၏။
”အော အခုတကယ်ပြီးသွားပြီ ဆောင်းဟာလဲအများကြီးရုန်းကန်ခဲ့ရတယ် ရှေ့ဆက်မယ့်အနာဂတ်မှာငါအတူရှိပေးပြီး ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားရမှာ ”
”Jeon Jungkook က အခုJeon အိမ်တော်ကထွက်လာတာ ဘယ်ကိုသွားမယ်တဲ့လဲ ”
”London ”
ရက်ပိုင်းလောက်ကြာတော့ ညနေပိုင်းအချိန် Jungkook ကအိမ်ကိုရောက်လာသည်။ ဆောင်းဟာက မျှော်နေတဲ့သူလိုကြိုဆိုပေးသည်။
”ကိုကို မျှော်နေတာ”
”ငါက? ဘယ်တုန်း..”
လက်ညိုးလေးကိုယ့်ကိုယ်ထိုးကာ ယောင်နနနှင့်စကားကထွက်မလာ။
”ကျွန်တော်လဲဝင်လို့ရတယ်မဟုတ်လား ”
Smith ဆိုတဲ့ကောင်လေး။ Jungkook နဲ့အတူလိုက်လာပုံရသည်။
”စားစရာတွေအများကြီးဘာလို့ဝယ်လာတာလဲ ငါ့မှာလဲလုံလုံလောက်လောက်ရှိပါတယ် ”
”Jungkook ဝယ်တာ ကျွန်တော်က ဆရာ့ကိုတွေ့ချင်လို့”
”ငါကအခုဘာမှမဟုတ်တော့ပါဘူး ”
”ကျွန်တော့်အတွက် နံပါတ်တစ်ထိပ်တန်းဆရာပဲ ”
Smith က လက်မလေးထောင်ပြောလာတာကြောင့်ရယ်ချင်စိတ်ဖြစ်သွားသည်။
”နှုတ်ဆက်ပါတီမို့လို့ ကျွန်တော်နောက်ကျမှပြန်လို့ရတယ်မလား ဆရာ”
”နှုတ်ဆက်ပါတီ? ”
Jungkook က ဝယ်လာတဲ့ အစားအသောက်တွေထည့်ရင်းလှမ်းပြောသည်။