Part - 5

5.8K 729 58
                                    

ဘဏ်အကောင့်ထဲကို သန်း၅၀ ရောက်လာပြီးဖြစ်သည်။ ဆောင်းဟာကိုဆေးကုပြီး ပိုတဲ့ပိုက်ဆံအားလုံးကို တစ်ပြားမကျန်ပြန်ပေးမှာ။
ရွံစရာပိုက်ဆံကိုယူထားမိတဲ့ ကျွန်တော်လဲ ရွံဖို့ကောင်းနေပါပြီ။

”ကိုကို ဘာတွေဖြစ်နေတာလဲ ပြောပြ ”

”ဂျီဆောင်းမှာ ပြသနာလေးရှိလို့ အိမ်သင်ပြောင်းထားတာ လစာကောင်းကောင်းရတာမို့စိတ်မပူနဲ့ ဒီအပတ်ထဲ ဆေးရုံသွားရအောင်”

”အဲ့ဒါအကုန်လား ”

ပါးကိုဆွဲဖျစ်လိုက်သည်။

”ငါ့ကိုစစ်ဆေးတာများ စုံထောက်ကျနေတာပဲ ကင်ဆောင်းဟာ နင်တအားပါးစိပါးစပ် များလာတာနော် ”

ဆောင်းဟာ က စူပုတ်ပုတ်ဖြစ်ကာ ပွစိပွစိပြော၍ အခန်းထဲဝင်သွားသည်။ မောင်နှမနှစ်ယောက်အတွက် ပိုင်ဆိုင်ရာ အမွေအဖြစ်ရခဲ့တဲ့ နေအိမ်လေးတစ်လုံးသာရှိသည်။

အမေက အထည်ကြီးပျက်ဖြစ်ခဲ့တာမို့ အိမ်ကောင်းလေးတော့ချန်ခဲ့နိုင်သည်။

ညနေစောင်းအချိန်ရောက်တော့ Jeon အိမ်တော်ဆီ ရောက်လာခဲ့သည်။

Piano သံ ပျံ့လွှင့်နေတာမို့ အာရုံစူးစိုက်မိလိုက်တာ။ 

”စာသင်တာမဟုတ်ဘူးလား စပ်စုလိုက်တာ ”

ဂျွန်ဂျုဟွန်းက တံခါးဝမှနေ၍ လှမ်းပြောသည်။

”ဒီထဲမှာပဲထိုင်နေတာကောင်းမယ် ဆရာ သန်း၅၀ Jungkook တို့ပြန်မရောက်သေးဘူး ”

ကြားနေကျစကားတွေမို့လို့ တုံ့ပြန်ဖို့လဲစိတ်ကူးမရှိ။ ကျွန်တော်နဲ့စာသင်ချင်တဲ့သဘောက Jeon Jungkook အကြံအစည်တွေပဲထင်။ ယုတ်မာတဲ့ သောက်ကြောတင်းကောင်။

အခန်းထဲတွင် တစ်ယောက်ထဲရှိနေကာ သီချင်းသံရပ်သွားလေသည်။

”သခင်မလေး နေမကောင်းလို့အပေါ်ထပ်မှာ စာသင်ဖို့ပြောပါတယ်”

အိမ်စေ မိန်းကလေးက လာရောက်အသိပေးသည်။ သခင်မလေးဆိုတာ ဉာဏ်များတဲ့ ဟာမလေး ဂျွန်ဟာယွန်း။ နေမကောင်းလဲ ဖြစ်တတ်သေးတာလား။

ညွှန်​ပြရာနောက် လိုက်ခဲ့တော့ ရှည်လျားလွန်းပါသော လှေကားကြီးကိုလျှောက်လှမ်းရပြီး ရွယ်တူမိန်းကလေးအား ထပ်မံတွေ့ရသည်။

The Greatest Love (Outro Completed)Where stories live. Discover now