ပါတီတွင် ကျောင်းသားအတော်များများရှိကာ ကျွန်တော့်ကိုသိပြီးသားဖြစ်ကြသည်။ အချို့က အထင်သေးသလိုကြည့်၏။ အချို့က စိတ်ပျက်သလိုကြည့်၏။ Smith က တော့ ပြုံးပြရှာပါသည်။”Jungkook နင်ဟိုဆရာကို ပါတီထဲနေခိုင်းတာလား မျက်စိနောက်လိုက်တာ ”
ဟာယွန်းက ဖြန့်ချထားသောဆံပင်တို့ကို ပွတ်သပ်ရင်း ဆူဆောင့်စွာပြောလာသည်။
”ဘာဖြစ်နေလို့လဲ ”
မျက်စောင်းထိုးနေလေတဲ့ ဟာယွန်း။ ပါတီက အစားအသောက်တွေအလျှံအပယ်နှင့် သောက်စရာတွေလဲစုံလင်သည်။
ဒါပေမယ့် ခေါင်းမာလွန်းတဲ့သူက နည်းနည်းတောင်မထိ။”ဆရာ ပါတီလာရတာလား ”
Smith က အနားကိုကပ်လာကာစကားပြောပေး၏။
”မဖြစ်မနေကြောင့် ရှိနေတာ ဘာအတွက်လုပ်တာလဲ ”
”ပိုက်ဆံရှိတွေက ပါတီလေးလုပ်လိုက် ကမ်းခြေလေးသွားလိုက်ပဲ အပျင်းပြေလုပ်နေကြတာ ”
”မင်းကရော အတူတူပဲမဟုတ်လား”
Smith က ပခုံးအသာတွန့်ကာ
”တစ်ခန်းထဲအဖွဲ့ဖြစ်နေတော့ မတတ်နိုင်ဘူးလေ ”
ငိုမဲ့မဲ့ရုပ်လေးလုပ်ပြတော့ ပြုံးလိုက်ရပြန်သည်။ လှမ်းမြင်နေရသည့် ခပ်သေးသေးလူက ပြုံးလိုက်တာ။ လေးထောင့်ဆန်ဆန်လား ဘယ်လိုခေါ်လဲ အဲ့လိုအပြုံးက။ ဘာလို့ လှရတာလဲ .
”အရက်အမျိုးအစားတွေများတော့ ဆရာ ဟိုကဖျော်ရည်တစ်ခုခုသောက်ပါလား ”
”ငါမသောက်တော့ဘူး ”
”မဟုတ်ဘူးဗျ ကျွန်တော်နဲ့ ခွက်တိုက်ရမှာ ”
Smith က ဥရောပသားပီပီ ပွင့်ပွင့်လင်းလင်းရှိကာ ကိုယ်တိုင်သွားယူပေးနေသည်။
”ဂျုဟွန်း ဘယ်လဲ ”
”အာ..သွားရမှာလေးရှိလို့ ”
”သောက်ထားတာဘယ်လောက်တောင်လဲ ကားကိုသေချာမောင်း”
ဂျုဟွန်းက လက်ပြကာထွက်သွား၏။ Jungkook က အရင်တည်းက သိပ်ပြီးအသောက်အစားရယ်မရှိ။ ဟိုဆရာကိုကြည့်လိုက်တော့ ဖျော်ရည်ခွက်ထဲခပ်နည်းနည်းသာရှိသည်။