ဆိုဖာပေါ်အိပ်ပျော်နေတဲ့ Jeon Jungkook က Jeon အိမ်တော်ရဲ့ သခင်လေးပါဆိုတာဘယ်လိုမှယုံဖွယ်ရာမရှိပါ။အသည်းအသန်အမုန်းခံပြီး အဆုံးသတ်မှာဘယ်လိုနေခဲ့မလို့ဒါတွေထိလုပ်နေလဲတောင်မသိ။
အေးစက်နေတဲ့ London ရဲ့ရာသီဥတုက အပူပေးစက်တောင်နိုင်တာမဟုတ်။ဒါကို အေးအေးလူလူအိပ်စက်နေနိုင်တာလား ဒီသူဌေးသားက။စောင်တစ်ထည်ယူ၍ လွှမ်းခြုံလိုက်တော့မျက်ခုံးတွေတွန့်ချိုးကာနိုးသွားပုံရသည်။ ထွက်ခွာရန်ပြင်လိုက်သည်။
”အခန်းထဲမှာအိပ်လိုက်ပါ”
နောက်ကျောကတိုးရှရှစကားသံတစ်ခုထွက်ပေါ်လာသည်။ ခေါင်းငြိမ့်ပြရုံသာပြလိုက်သည်။
အဲ့လူစေတနာပြုတဲ့စောင်က လိုတာထက်ပိုနွေးပြီး London ရဲ့ဆောင်းကဘာမှမဟုတ်တော့ပါဘူး။မနက်နေရောင်က ပါးပေါ်ရိပ်ဖြာကျလာသည်။ လက်ပေါ်ကိုထိနေတဲ့အရာက နှိုးနေပုံရတာ။
”ဆောင်းဟာ?”
”ကိုကို ဆူမယ် ”
ပထမတော့နားမလည်ပေမယ့် သူပြောချင်တာက အိပ်ရာမထသေးလို့အဲ့လူမကြိုက်ဘူးပေါ့။ ဆောင်းဟာကစကားအများကြီးမပြောနိုင်သေးတာကြောင့် လိုရင်းတိုရှင်းဖြစ်နေသည်။
”ငါထပါပြီ ”
မနက်စာပြင်ဆင်ပြီးစားပွဲကိုကြည့်တော့ ဆောင်းဟာနဲ့Jeon Jungkook က ဇွန်းခရင်းတူ ကိုင်ပြီးအခန့်သားစောင့်နေသည်။ အိပ်ရာကနည်းနည်းတောင်မှထမလာတဲ့လူက ဘယ်လိုလုပ်ပြီး။
”မနက်စာစားသွားဖို့ သူကပြောတယ်”
ဆောင်းဟာကိုတစ်ချက်ကြည့်ပြီး မနက်စာစားရခြင်းကိုဖြေရှင်းချက်ပြု၏။
”များတာမို့လို့ ပြသနာမရှိပါဘူး”
Jeon Jungkook ပြန်သွားပြီးတဲ့နောက်တော့ အခန်းသန့်ရှင်းရေးဘက်လှည့်ဖြစ်သည်။ မြေအောက်ခန်းလိုတစ်ခုတွေ့လိုက်တာကြောင့် စူးစမ်းရန်ရှေ့တိုးမိသည်။ တန်ဖိုးကြီး Piano တစ်လုံးကနေရာယူထားကာ ထွင်းထုထားတဲ့နာမည်က 'ဆူယောင်း'
အဲ့လူဆီက Ph ဝင်လာတာကြောင့် စာတမ်းပြုစုတာကိုထားပြီးချက်ချင်းရောက်လာခဲ့ရသည်။
![](https://img.wattpad.com/cover/312546427-288-k16579.jpg)