အစ်မနဲ့အတူရှိနေတာ ဟာယွန်းဖြစ်သည်။ အစ်မက ကျွန်တော်ရောက်လာတော့လှမ်းကြည့်၏။”အစ်မ သက်သာရဲ့လား”
ခေါင်းငြိမ့်ပြလာပေမယ့်ဘာစကားမှပင်မပြော။ ဟာယွန်းနဲ့ခပ်လှမ်းလှမ်းကိုထွက်လာလိုက်၏။
”အစ်မ စကားလုံးဝမပြောတာလား”
”သတိရလာတည်းက ဘာမှမပြောဘူး အစ်မကိုခက်ခဲအောင်မလုပ်နဲ့ Jungkook ငါဟိုလူကိုသတ်ချင်နေတာ”
ဟာယွန်းပြောတာကိုကောင်းကောင်းနားလည်သည်။ ဒီတစ်ပတ်အတွင်းအားလုံးအဆုံးသတ်ဖို့ကြိုးစားမည်။ အမေတို့ပို့တဲ့ London ကိုမရောက်ခင် အဲ့လူအတွက်ကတိကိုရအောင်တည်ပေးခဲ့ချင်တယ်။
”Jungkook ဆောင်းဟာအမှုကိုရဲဘက်ကပိတ်လိုက်တယ်”
”အဲ့လူသိသွားရင် Jeon အိမ်တော်နဲ့ထိပ်တိုက်ရင်ဆိုင်နေတော့မှာပဲ အမေတို့ကဒီလောက်ထိလုပ်မှဖြစ်မှာလား ”
ဂျုဟွန်းကဒေါသထွက်နေပေမယ့် ဖုံးဖိထားသည်။ အစ်မရဲ့အခြေအနေကဘာမှမသေချာသေးတာကြောင့် စကားပြောဖို့ရာကအဆင်မပြေပါ။
အစ်မဆေးရုံကဆင်းပြီး ရက်ပိုင်းကြာသွားသည်။ ပြန်ရောက်လာတည်းက နေ့နေ့ညညဆေးသွင်းထားရကာ စကားပြောမလာခဲ့။ အစ်မကပါဒီလိုလုပ်နေရင် ကျွန်တော်ဘယ်လိုလုပ်ရပါ့မလဲ။
အချိန်က အရုဏ်တက်ဖြစ်ကာ အိပ်လို့မရတဲ့အနေအထား။ တံခါးခေါက်သံတိုးတိုးလေးထွက်ပေါ်လာသည်။ အသာအယာဖွင့်ကြည့်တော့..
”အစ်မ?”အထဲကိုဝင်လာပြီး တံခါးကို Lock ချလိုက်သည်။
”ဒါယူပြီး Kim Taehyung နဲ့ London ကိုသွား”Passport နဲ့ Card တွေကိုလက်ထဲထည့်ပေးလာကာ ကျွန်တော့်ကိုမျက်လုံးချင်းပင်ဆုံအောင်မကြည့်။
”London? အစ်မဘာကိုပြောတာလဲ ကျွန်တော့်ကိုကြည့်ပြီးသတိထားပါဦး”
လက်တွေတုန်ရီနေပြီး အစ်မမျက်လုံးတွေကငိုထားတာ။
”ငါအပြစ်လုပ်ထားတယ် Jungkook ဆေးရုံမှာနေခဲ့တဲ့တောက်လျှောက်အဲ့နေ့ညက အက်စီးဒင့်ကိုပဲအိပ်မက်မက်နေခဲ့တာ ၊ အမေနဲ့အဖေ က ဖျောက်ဖျက်ဖို့လုပ်နေတာပေမယ့်ငါဘယ်လိုလုပ်ရမလဲ နင်ချစ်တဲ့သူက အဲ့ဒါကြောင့်နဲ့နင်ကိုသေမလောက်မုန်းခဲ့တာ ငါ့ကြောင့်နင်နဲ့ Kim Taehyung က ဒီလိုမျိုးမဖြစ်ရဘူး ဒီဟာတွေကို ယူပြီးငါပြောသလိုလုပ် ”