Part - 15

5.5K 629 29
                                    


မင်ဂျွန်းခေါ်လာတဲ့ ကွန်ဒိုအထပ်မြင့်ရဲ့အခန်းတစ်ခုမှာ အဆင့်မြင့်ကိရိယာတွေနဲ့ ဆောင်းဟာကိုနေရာချထားသည်။ မျက်နှာလေးမြင်လိုက်ရမှ ပူပန်ကြီးစိုးနေတဲ့စိတ်က သက်သာရာရသွား၏။

”အချိန်အကြာကြီးနေလို့မကောင်းဘူး ဆောင်းဟာကို Jeon Jungkook က အထိအခိုက်မခံထားပေးမှာပါ နည်းလမ်းကဒါအပြင်မရှိဘူးဆိုတာငါလဲသိတယ် Taehyung ”

ယုံကြည်လိုက်လို့ဖြစ်လားလဲမတွေးနိုင်တော့ဘဲ ပထမဆုံးတောင်းမိတဲ့ဆုက Jeon Jungkook က ဆောင်းဟာကိုထိခိုက်အောင်မလုပ်ရင်ကောင်းမှာ ။
Jeon အိမ်တော်နဲ့ယှဉ်ရင် ကျွန်တော်လုပ်နိုင်တာ မာနတစ်ခုသာရှိခဲ့တာ။

••
ပြာပြာသလဲဖြစ်နေတဲ့ အစ်မဆူယောင်းကိုကြည့်ပြီး လန့်လာရသည်။
တစ်အိမ်လုံးထဲ ဘာမှန်းမသိတာကိုရှာနေ၏။

”ဂျုဟွန်း နင်ပြန်လာပြီပဲ အစ်မဆူယောင်းဘာပျောက်လို့လဲမသိဘူး အမောတကောရှာနေတာ မူမမှန်ဘူး ”

”အစ်မကိုဒီပုံစံနဲ့ London ပို့ဖို့လုပ်နေလို့မှမရဘဲ အမေကJungkook ကိုဦးတည်ပြီး အစ်မနဲ့ခေါင်းစဉ်တပ်နေတာ”

ဟာယွန်းကတော့ အစ်မဘာဖြစ်နေလဲသေချာသိပုံမရ။ အိပ်ဆေးတွေသောက်နေတဲ့အပြင် အစ်မနဲ့ပတ်သတ်တာ Jungkook တောင်သိမှာမဟုတ်သေးဘူး။

”ငါ့အခန်းထဲကိုဘယ်သူဝင်လဲ ”

”အစ်မ စိတ်အေးအေးထားပြီးကျွန်တော့်ကိုကြည့် ဘယ်ဟာပျောက်လို့လဲ ”

Jungkook ရောက်လာပြီး အစ်မကိုနားချလိုက်တော့ ငြိမ်ကျသွား၏။

”လက်ကွက်စာရွက်ထည့်ထားတဲ့ File ငါပွဲအတွက်ဖျော်ဖြေရမှာ”

အသက်ရှုချကာ ကျွန်တော့်ကိုမကြည့်တမ်းပြော၏။

”ကျွန်တော်ရှာပေးမယ် အနားယူလိုက်-”

”နင် London သွားချင်နေတယ်မလား အမေပို့တာသွားလိုက် ငါလိုက်မှာမဟုတ်ဘူး ”

”ဘာကိုပြောတာလဲ သွားရရင်တောင်အစ်မနဲ့သွားမှာ အစ်မတစ်ယောက်တည်းလဲမလွှတ်နိုင်ဘူး ကျွန်တော်အခုသွားလို့မဖြစ်တာက အဲ့လူအတွက်ဘာမှမလုပ်ပေးရသေးလို့ ”

The Greatest Love (Outro Completed)Where stories live. Discover now