အစအဆုံးပြန်လည်သုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တောက်လျှောက်ပင်ပန်းခံပြင်းပူပန်နေခဲ့ရတာပါ။ Jeon Jungkook ဆီက အကူအညီမျိုးကိုမလိုအပ်ခဲ့ပါဘူး။ Jeon အိမ်တော်ဆီက ဖိနှိပ်ခံရမှုတွေကို ပထမဆုံးကြုံရတာကြောင့် သေမလောက်နာကျင်ပြီး တော်လှန်ပစ်ချင်တဲ့စိတ်ရှိရုံသက်သက်ပဲဖြစ်ခဲ့တာ။အဲ့ဒီတစ်ယောက် ကျွန်တော့်အပေါ်ခံစားချက်ရှိနေတာက ကျွန်တော့်အပြစ်မဟုတ်သလို ကျွန်တော်မုန်းတီးရတာကလဲ အကြောင်းပြချက်ခိုင်လုံနေပါတယ်။
”ပြောစမ်းပါ ကိုယ့်ကိုယ်ကိုယ်ဘာလုပ်နေလဲဆိုတာသိလား မကောင်းဆိုးဝါးလို့ခံယူထားတယ်ဆိုရင် Jungkook ကိုအဲ့လောက်လုပ်ပြနေစရာမလိုဘူး ရွံရှာနေတယ်ဆိုရင် ဒီဆေးရုံမှာလဲဆောင်းဟာကိုမထားလိုက်လို့ဖြစ်တာပဲမလား ”
ဂျွန်ဂျုဟွန်းက ပေါက်ကွဲပြနေသည်။ Jeon Jungkook တစ်ယောက်တည်းကိုမုန်းတီးပြနေစရာအကြောင်းလဲမရှိပါဘူး။ အခု သူတို့ရဲ့အငယ်ဆုံးလေးက အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ခံစားနေရလို့ ကျွန်တော့်ကို ဒရမ်မာထဲကလို နားလည်ခွင့်လွှတ်ပေးလိုက်ဖို့ပြောနေတာနဲ့ မခြားမနားပါပဲ။
”ဆောင်းဟာအခုရောက်နေတဲ့အခြေအနေက Jeon အိမ်တော်နဲ့မကင်းတာအသိသာကြီးပဲ ဘာကိုယုံရမှာလဲ ငါ့ညီမကိုညာပြီးစောင့်ခိုင်းထားလို့ ဒီလိုဖြစ်စေတဲ့ မင်းကိုလား ? ငါနဲ့ငါ့ညီမဘဝကိုဖျက်ဆီးထားကြတာပါ ဘာကိုဘယ်လိုယုံကြည်ဖို့ပြောနေတာလဲ ”
စကားအချေအတင်များပြီး ဂျွန်ဂျုဟွန်းထွက်သွား၏။ ကျွန်တော့်အစားနာကျင်ပေးဖို့ လိုလားနေတာလဲမဟုတ်ဘဲ ဆောင်းဟာကိုလုပ်ထားတာအတွက် အမှန်တရားကိုလိုချင်တာ။ Jeon အိမ်တော်ထဲခြေချခဲ့ရတာ Jeon Jungkook ကြောင့်ပဲမို့လို့ ဘာကိုမှငဲ့ညှာဖို့စိတ်ကူးလဲမရှိဘူး။
”အစ်မဆူယောင်းက တကယ်လှတာပဲ ဝါး”
စေ့စပ်ပွဲကျင်းပရာ ကင်မရာတဖျတ်ဖျတ်နားအသက်မဲ့သလိုထိုင်နေသည်။ ဟာယွန်းက ပျော်နေသလောက် ကျွန်တော်နဲ့ဂျုဟွန်းကပုံမှန်ပဲဖြစ်သည်။
”အစ်မစေ့စပ်ပွဲပြီးရင် တစ်နေရာသွားမယ် ”
ဂျုဟွန်းနဲ့ ခပ်တိုးတိုးပြောပြီးနောက် အမေတို့ကပွဲပြီးတဲ့ထိဂရုတစိုက်
နေကြရသည်ဖြစ်၍ လမ်းမပေါ်ရောက်လာ၏။