Part 1 >>
နယုန်မိုးသေး မြက်သားမွေး တဲ့။
ဒီလိုမိုးဦးရာသီကာလတွေမှာ မိုးရေတွေ ပေါင်းလန်နေတာ အဆန်းတော့မဟုတ်ပါချေ။
ပေတရာပေါ်မှာ ထင်ကျန်နေသော ရေကွက်များကို ရှောင်ရင်း ပလက်ဖောင်းပေါ်ကနေ ကပ်လျှောက်နေရတာမလွယ်လှ။
တစ်ဖက်က ခြင်းတောင်း တစ်ဖက်က ထီးနှင့် ထမိန်ရေစက်မစင်အောင်က မ ထားရသေး။
သူမ အခု သွားခဲ့သော စျေးက ယခုတာဝန်ကျသော မြိုင်သာမြို့လေး၏ ကမ်းနားစျေးပါ။သူမနှင့်အတူ နေသော နာစ့်မလေးစန္ဒာကတော့ အိမ်မှာ သန့့်ရှင်းရေးလုပ်နေလေရဲ့။ အိမ်နဲ့နီးသော သည်စျေးကို သူမတစ်ယောက်ထဲ လာခဲ့ခြင်းဖြစ်လေ၏။
"ဝေါ .... တီး တီ ... ဗွမ်း !"
"အံမလေ့ !"
ပေတစ်ရာကို မညှာမတာ ဗရမ်းဗတာ မောင်းလာသော ဆိုင်ကယ်တစ်စီးက ပလက်ဖောင်းအနားက ရေဗွက်အိုင်ကို ဖြတ်ပြေးသွားလိုက်တာ မွန့် တစ်ကိုယ်လုံး ရေတွေ ရွှဲကုန်ပြီ။
"ဘယ်က ကလေကဝတွေလဲ လူစကားနားမလည်ဖူးလား မသိဘူး ဒီမှါ လူတစ်ယောက်လုံး စိုရွှဲကုန်တာ လှည့်တောင်မကြည့်ဘူး တောက်!"
အပျိုကြီးပီပီ ဟန်ချီချီ ပွစိပွစိနှင့် တစ်ယောက်ထဲ မန်းမှုတ်နေတုန်း ဆိုင်ကယ်လေးက နောက်တစ်ခေါက်ပြန်ကွေ့လာပြီး သူ့အနား ထိုးရပ်လိုက်ကာ ဆိုင်ကယ်ပေါ်မှာ မိန်းကလေးနှစ်ယောက်ဆင်းလာလေ၏။
"မတော်လို့ပါ ကြီးတော်ရယ် စိတ်မဆိုးပါနဲ့နော် သားတို့ နဲနဲလောသွားလို့ပါ "
ဘာ ... ဘာဖြစ်တယ်။ ကြီးတော် ကြီးတော် တဲ့။
ရေနဲ့ပတ်တာထက် ပိုမွန်းတယ်တော့။ မွန့်အသက် ခုမှ ၃၈ နှစ်မပြည့်သေး။ အန်တီဆိုတော်သေး သူတို့က တောင်းပန်နေသလား ရန်စနေသလား မပြောတက်။ အစွန်းကုန်သွားဖြဲပြီး တောင်းပန်နေတာ လူကို စော်ကားနေသလိုပဲ။"မင်းတို့ လုပ်လို့ ငါ တစ်ကိုယ်လုံး ရေတွေစိုကုန်ပြီ သိရဲ့လား "
ကြည်ပြာ တောင်းပန်တာဟာ သိပ်ကို ကညာစစ်နေတော့ အပျိုကြီးဖြစ်ပုံရသော ထိုအမျိုးသမီးလှလှခမျာ စွေ့စွေ့ခုန်အောင် ဒေါသတွေကြီးနေပုံက သိပ်ချစ်စရာကောင်းတာပဲလို့ သူ တွေးနေမိပါ၏။