Part 8 Zawgyi

568 20 0
                                    

"ပါရမီကံ ရင့်သန်တယ် ....နွဲ့မူဟန် လှကုန်ကြွယ် တဲ့ သူရယ် ...ဘယ်လိုရှေ့ကြောင်းကံ ဆုပန်လာတယ်... မြင်သူတိုင်းကရယ်ယ် ချစ်ကြည်ညိုဖွယ် မျက်စိထဲကထွက်ပါဘူး.... လှမှူး ...ယုံကွယ်... စွဲမိပြီကွယ်"

ချိုးဖြူကွင်းရွာကလေး၏ အလယ်ပိုင်းဆီက လော်စပီကာသံခပ်ကျယ်ကျယ်က ရွာနီးချုပ်စပ်ထဲ လွင့်ပျယ်နေလေ၏။ ရွာထဲက လူတော်တော်များ၏ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တာက ကြေးရတက် သူဌေးဒေါ်လှအုံးမယ်၏ သမီးအပျိုကြီး၏ မိန်းမခြင်း မင်္ဂလာဆောင်ပဲလေ။

"အဲ့ဒါ ဘယ်က မင်္ဂလာဆောင်လဲ အစ်မရဲ့"

ပဲခင်းထဲထိ လွင့်လာသော မင်္ဂလာသီချင်းကြောင့် ပဲနုတ်နေကြသော မိန်းမအုပ်စုထဲမှ အမျိုးသမီးငယ်က သူနဲ့အတူ အလုပ်လုပ်နေသူကို လှည့်မေးလိုက်၏ ထိုအခါ အမေးခံရသူ မိန်းမက မဲ့ကာရွဲ့ကာဖြင့်

"ညည်းကလဲ တုန်းပအေ ဒီလေါက် နမည်ကြီးနေတဲ့ မင်္ဂလာဆောင်ကို မသိတာ အံပါ့"

"ဘာနမည်ကြီးတာတုန်း အစ်မရဲ့"

နေပူပူမှာ လိုက်ကိုက်နေသော ဖြုတ်အချို့ကို လက်ခုံဖြင့် ဝှေးယမ်းခက်ရှင်းလိုက်နောက်

"ကြီးတော်အုန်းမယ်ရဲ့ သမီးမင်္ဂလာဆောင်လေအေ ခုဆို ရွာထဲမယ် ရန်ကုန်သူတွေရောက်နေပြီလေ ညည်းကတောထဲ ဆိုတော့ ဘယ်သိပါ့မလဲ"

"အော် ကြီးတော်အုန်းမယ်သမီးအငယ်မလား ရန်ကုန်အလုပ်သွားတယ်ဆိုတာ "

"အေး ဟုတ်တယ် သူလေ ဆရာမမွန်မြတ်သူ"

"အော် နမည်ကြီးတာကရော ဘာလို့လဲဟင်"

"ဘာလို့ရမှာတုန်းဟဲ့ သူယူတာက လင်မှ မဟုတ်တာ မိန်းမ လေ ဒါ့ကြောင့် နမည်ကြီးတာပေါ့"

"ရှင် ... မိန်းမယူတယ် ဟုတ်လား "

"အေး ခုလော်ဖွင့်နေတာ သူ့မင်္ဂလာဆောင်ပဲတော့ မှတ်ထား "

ပဲခင်းထဲ လယ်ခင်းထဲ ထန်းတောထဲ ဈေးထဲ သတင်းကြီးပြီး လူအများစိတ်ဝင်စားနေသော အကြောင်းအရာက တစ်ခုထဲပဲလေ။

အလုပ်အကိုင်နေ့ညမှာ ဒေါ်လှအုန်းမယ်၏ ခြံထဲရှိ မင်္ဂလာမဏ္ဍပ် လှလှကြီးထဲတွင် ဗွီဒီယိုစက်ကြီးဆင်ကာ မြန်မာကား ဇာတ်ကြမ်းများပြသသဖြင့် ရွာထဲက လူအများစည်ကားနေချေ၏။ ဒါဟာ ရွာဓလေ့ မင်္ဂလာဆောင်အကြိုည ထုံးစံပါပဲ။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now