Part 12

1.7K 163 21
                                    

ဘဝမှာ တည်မြဲတာဆိုလို့ ဘာမှမရှိဖူးတဲ့။
အလုပ်လုပ်ရင်း ငွေကိုသာ သွင်သွင်ရှာနေတက်ပြီး ငွေနောက်လိုက်နေတဲ့ ခေတ်လူငယ်တစ်ယောက်မို့ ဗုဒ္ဓတရားတော်တွေနဲ့ အလှမ်းကတော့ ဝေးနေခဲ့တာအမှန်။ ဒုက္ခသစ္စာတွေအကြောင်းလဲ ဘာသိဘာသာနေလာခဲ့ရတော့ ကိုယ်တွေ့ကြုံရမှ ရလာတဲ့ သိင်္ဂါရသဘောတရားကြောင့် ရှင်းဆက်သွင် နာကျင်စွာနှင့် အသံထွက်တဲ့ထိ ရီမိလိုက်လေ၏။

"ဘာတွေ ဒီလေါက်တောင် သဘောကျနေတာလဲ ရှင်း "

အမိမြေကနေ ထွက်လာခဲ့တဲ့ အင်း ထွက်ပြေးလာခဲ့တဲ့  ၃ နှစ်နီးပါး ကာလအတွင်း ရင်းနှီးခဲ့သော လုပ်ဖော်ကိုင်ဖက်ရုံးတွင်းသူငယ်ချင်း ခရစ်စတယ်ကြောင့် ရှင်းဆက်သွင် အတွေးတွေကို လက်စသတ်လိုက်ပါ၏။ခရစ်စတယ်ဟာ ဆံပင်ရွှေဝါရောင်လေးနဲ့ သိပ်လှတဲ့ မြန်မာသွေးနှော ကပြားမလေးတစ်ယောက်။

"အင်း ... ဒီလိုပါပဲ အတွေးဆိုတာ အရှေ့ရောက် အနောက်ရောက်ပေါ့ အထွေထူးတော့မဟုတ်ပါဘူးလေ"

"ဒီမှါ မင်းအတွက် Coffeeယူလာတယ် "

"အင်း ကျေးဇူးနော် "

"ကိစ္စမရှိပါဘူးလေ ဒီနေရာလေးက ကောင်းတယ်နော် လေကောင်းလေသန့့်လဲ ရတယ် ရှင်းကို ဒီမှါ အမြဲတွေ့ရတယ်နော်"

ရှင်းက ကော်ဖီခွက်ကို မော့သောက်ပြီး ခရစ်စတယ်ကို တစ်ချက်ရီပြလိုက်ကာ အဝေးဆီက ပင်အိုတန်းတွေကို ​မျှော်ကြည့်လိုက်လေ၏။ ရင်ထဲက အပူတွေကို ဒီမှါ လာလာငြိမ်းနေတာ ဘယ်သူက သိနိုင်မှာလဲ။

"ရှင်းက ရီလိုက်ရင် ချောတယ် ဒါမယ့် ရှင်းမျက်လုံးတွေထဲမှာ ကြေကွဲခြင်းတွေပမာဏများတယ်နော် မြန်မာပြည်မှာ တစ်ယောက်ယောက်ကျန်နေခဲ့တာလား "

"ကိုယ့်အမေနဲ့အဖေကလွဲရင် ဘယ်သူမှ မကျန်ျန်ပါဘူး အင်း ... ကျန်စရာလဲ မရှိပါဘူး"

California ၏ နေရောင်က သူတို့နှစ်ဦးပေါ်ဖြာကြနေလေပြီ။ ဒီတေါတွင်း ရှင်းအသားတွေ အညိုရောင်သန်းလာပြီး နှလုံးသားက ကျောက်ဆစ်လို မာကြောနေခဲ့ပြီ။ တစ်စုံတစ်ယောက်ကို တစ်ခါတစ်ရံလွမ်းဆွတ်မိတာကလွဲရင် ကျန်တာတွေ နေသားကျနေပါပြီ။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now