Part 11 Zawgyi

475 15 0
                                    

အ ထ က (၆) မြောက်ဥက္ကလာ။

တဒေါင်ဒေါင် ခေါင်းလောင်းထိုးသံအဆုံးမှာ ကျောင်းသား/သူတွေ၏ ညီညီညာညာ နှုတ်ဆက်သံက အချိုးကျကျ ထွက်ပေါ်လာပါ၏။ တစ်နေ့တာ စာသင်ချိန်ပြီးဆုံးသွားပြီမို့ လွယ်အိတ်တွေ ကောက်လွယ်ကာ အပြင်ထွက်ဖို့ ပြင်ဆင်နေကြသော ကျောင်းသား/သူတွေကို မွန် တစ်ချက်ပြုံးကြည့်လိုက်ပါ၏။

"မနက်ကျ စာရအောင် ကျက်ခဲ့နော် လပတ် စာမေးပွဲကြီး နီးလာပြီ"

"ဟုတ်ကဲ့ပါ ဆရာမ "

အလျိုလျိုထွက်သွားသော ကျောင်းသားများကုန်သော် မွန်အတန်းထဲတွင် တစ်ယောက်ထဲ ကျန်ခဲ့လေ၏။ အေးအေးဆေးဆေး စာအုပ်တွေကို ခြင်းထဲ စုံလင်အောင် ထည့်နေသော အချိန်

"Teacher"

အတန်း၏ အဝင်ပေါက်နားက ခေါ်သံကြောင့် မွန်လှမ်းကြည့်လိုက်လေ၏။ အဖြူအစိမ်းဝတ်ဆုံနှင့် ကျောင်းသူလေးတစ်ယောက်။ သူမလေးက D ခန်းက ဂျူးဂျူးဇင် ဆိုသော ကောင်မလေးပင်။ ချစ်စဖွယ်အပြုံးလေးနှင့် မွန့်ဆီလျှောက်လာလေ၏။

"သမီးပါလား ဘာကိစ္စရှိလို့လဲ"

"ဘာမှ အထွေထူးတော့မဟုတ်ပါဘူး အိမ်က လာမကြိုသေးဘူးလေ တီချယ့်ကို တွေ့လို့ ဝင်လာတာ တီချယ်နဲ့ အတူပြန်ချင်လို့"

"အော် ဒါဆို သမီးအိမ်က ဘယ်ချိန်လာကြိုမှာလဲလဲ တီချယ်စောင့်ပေးမယ်လေ"

"မကြာတော့ပါဘူး တီချယ် ခဏနေ လာတော့မှာပါ ပေးပေး သမီး တီချယ့်ခြင်း ဆွဲပေးမယ်"

"ကျေးဇူးပါ သမီးရေ"

စာသင်ခန်းကို သော့သေချာပိတ်ကာ တပည့်မလေးနှင့် စကားတပြောပြော ကျောင်းဝန်းထဲက ထွက်လာခဲ့လေ၏။ ကျောင်းဝန်းထဲတွင် ဆရာမအချို့နှင့် အိမ်မပြန်သေးသော ကလေးအနဲငယ်သာ ရှိတော့လေသည်။

"ဟိုမှာ အိမ်က လာကြိုပြီ တီချယ်"

ဂျူးဂျးဇင် လက်ညှိုးထိုးပြသော ဖိုးရာဇာလမ်းထိပ်မှ အနက်ရောင်ကားကို မွန် လှမ်းကြည့်လိုက်လေ၏။ ဂျူးဂျူးဇင်တို့အိမ်က ချမ်းသာသောကြောင့် အမြဲကျောင်းပို့ ကျောင်းကြို ကားနဲ့ လုပ်သည်လေ။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now