Part 4 Zawgyi

676 20 0
                                    


Part 4>>>

"ခြေလှမ်းတွေ ပျက်နေတယ်နော် အရှငှ်းင်း ဘာဇာတ်လမ်းတွေရေးနေတာလဲ "

အိမ်ထဲ ဝင်လာခိုက် ဧည့်ခန်းဆက်တီပေါ်က အမေနှင့်အဖေကြောင့် သူကိုယ်ရှိန်သက်သွားရတဲ့အထိ။

"ဟိုနေ့က သော်တာလေးလာသွားတယ် မင်းက အိမ်ကပ်တယ်မရှိဘူး"

"သူလာတာ ကျွန်တော်က ရှိနေစရာလိုလို့လား အမေ"

"ဟဲ့ သူက သမီးကို ချစ်နေတာလေ သမီးဘာသာလိင်စိတ် ဘယ်ကိုပဲ တိမ်းညွတ်တိမ်းညွတ် အမေခွင့်ပြုပေမယ့် မိန်းမတကယ်ယူမယ်ဆိုရင်တော့ သော်တာနဲ့ပဲ သဘောတူတယ်"

"Sorry ပါ အမေ ကျွန်တော်က တစ်ခြားအရာတွေအားလုံး အမေ့သဘောကျလိုက်နာနိုင်ပေမယ့် ကျွန်တော့်နှလုံးသားရေးရာမှာ တစ်ပါးသူအမိန့်ကို လက်မခံနိုင်ပါဘူး"

"ရှင်းဆက်သွင်"

"အဟက်....ထားလိုက်ပါ ကို ...သွင် ကြည့်စီစဉ်လိုက်မယ်  မင်းရဲ့အမေက ဘယ်လိုလူလဲဆိုတာ မေ့မနဲ့နော် ရှင်းလေး"

"ကျွန်တော်က အမေ့သမီးပဲဟာ သိရဲ့သားနဲ့"

"ကောင်းပြီ ရှင်းလေး ... မင်းရဲ့ချစ်သူက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ရသေးတာပေါ့"

"ကျွန်တော့်ချစ်သူက အမေတို့တွေးနေတာထက်ပိုအဖိုးထိုက်တန်တယ်ဆိုတာ အာမခံတယ်"

"ကြည့်ရသေးတာပေါ့လေ"
~~~~

အမြဲတမ်းမွှေးရနံ့သင်းပျံ့ပြီး တဖြုတ်ဖြုတ်ကြွေကျနေမြဲ ခရေ။ မြေနီရောင်လမ်းမထက်မှာ ဖွေးဖွေးလှုပ်အောင်ကြွေနေဆဲ။ တစ်ယောက်ထဲလျှောက်လာတဲ့ နောက်ဖေးလမ်းကြားလေးထဲ မောင်နှင့် တူတဲ့ လူရိပ်ပင်မတွေ့ရသေး။

"မောင်... မရောက်သေးတာမြန်းလား "

လက်မှ ကြိုးသေးတပ်နာရီလှလှလေးကို မြှောက်ကြည့်ပြီး လည်တန်ဆန့်ကာ မျှော်ကြည့်ရင်း ခရေပင်လေး၏ အောက်သို့ ရောက်လာခဲပြီ။ ပဆုပ်တုတ်သဏ္ဍာန်ကြုံကြုံ့လေးငုံ့ကာ မြေပြင်ထက်က ခရေကြွေတွေကို ကောက်ရင်း လက်ခုပ်ထဲထည့်ကာ ရှူရှိုက်လိုက်လေသောအချိန်

"ဟယ် .....ခရေမိုး ရွာပြီ"

ပင်ယံထက်က လေမနှော့ပဲ ကြွေကျလာသော ပန်းခရေတွေ လက်ဖြင့် ခံယူရင်း ကိုယ့်အသက်ကိုယ်တောင် မေ့ပြီး မြီးကောင်ပေါက်လေးလို ခုန်ပေါက် ပျော်ရွှင်နေမိပါရဲ့။

ငွေသော်တာ ရောင်ခြည် (Mini love story)Where stories live. Discover now