"မောင်ရေ ထမင်းချိုင့်အဆင့်သင့်ဖြစ်ပြီနော်"
အဖြူအစိမ်းကျောင်းဝတ်ဆုံလေးနှင့် ကျောင်းသွားရန်အဆင်သင့်ဖြစ်နေပြီးသော မွန်မြတ်သူက ထမင်းချိုင့်ဗူးတွေကို ပြင်ဆင်နေရင်း လှမ်းပြောလိုက်လေ၏။ ထိုအခါ ယူနီဖောင်းစပို့ရှပ်နက်ပြာလေးနှင့် ဂျင်းကို ဝတ်ထားသော ရှင်းက မီးဖိုထဲဝင်လာလေ၏။
"မ ..ဘာဟင်းတွေ ထချက်နေတာလဲကွာ မ ပင်ပန်းနေပါ့မယ်"
မွန်မြတ်သူ၏ ခါးကျဉ်းလေးကို အနောက်မှ သိုင်းဖက်ကာ သနပ်ခါးပါးကွက်လေးကို မွှေးရင်း ပြောလိုက်လေ၏။မွန်နှင့်သူက မင်္ဂလာဆောင်အပြီးမှ ရှင်းမိဘတွေဘက်က လက်ဖွဲ့သော အိမ်လေးမှာ နှစ်ဉီးအတူအချစ်တိုင်းပြည်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
"မပင်ပန်ပါဘူး မောင်ရယ် .. ဟောသည်မယ်လေ မောင့်အကြိုက် ငါးရက်ယိုရွက် အုပ်ရယ် သီးစုံကြော်လေးရယ် ထည့်ထားပါတယ်နော်"
"လိမ္မာလိုက်တဲ့ မောင့်မိန်းမ ... မွ"
"သနပ်ခါးတွေ ပျက်ကုန်မယ်လို့ မောင်နော် "
"ပျက်ရင် မောင်ထပ်လူးပေးမှာပေါ့ နော့ မောင့်ကလေးလေး"
ခါးကိုမလွှတ်တမ်းဖက်ကာ အတင်းအကြမ်းလိုက်နမ်းနေသော မောင့်ကို မွန်အတင်းတွန်းထုတ်ရင်း
"ကလေးမဟုတ်ပါဘူး နာရီကြည့်အုံး အလုပ်နောက်ကျနေမယ်လေရှင့်"
ထိုအခါမှ ရှင်းက လက်မှ သားရေကြိုးအနက်လေးထောင့်နာရီလေးကို မြှောက်ကြည့်ကာ
"ဟာ ၈ နာရီထိုးတော့မယ် သွားမယ် သွားမယ် မွန်ရယ် လာ လာ "
စားပွဲပေါ်က ထမင်းချိုင့်တွေ ပြေးဆွဲကာ သူ့လက်ကိုပါ အတင်းဆွဲရင်း မာရသွန်ပြိုင်ပွဲဝင်တော့မည့်နှယ် ဆိုင်ကယ်ကို အတင်းတက်ခွကာ မောင်းထွက်သွားပါလေတော့သည်။
"မောင် ... ဖြေးဖြေးမောင်းပါ မွန်ပြုတ်ကျတော့မယ်နော်"
"မောင့်ခါးကို တင်းနေအောင် ဖက်ထားလေ"
"မောင်ကတော့ လုပ်ပြီ"
ဆိုင်ကယ်ပေါ်တောင် အသားယူချင်တဲ့ မောင့်ကို မွန် ဆလန်ပေးလိုက်ကာ တစ်ဖက်က ဆွဲခြင်းကို ကိုင် တစ်ဖက်က မောင့်ခါးကို တင်းနေအောင်ဖက်ထားရင်း လိုက်ပါသွားရပါတော့သည်။ မောင်အမြဲနောက်ကျရင် ဒီလိုဖြစ်နေကြပါပဲလေ။